10

1.8K 161 7
                                    

စိုးရိမ်အားငယ်တဲ့မျက်ဝန်းကလေးကိုမြင်လိုက်ရတော့ chaeyoung သူမကိုအတော်ကလေးသနားသွားသည်......
လောကကြီးထဲမှာသူမဘဝကစတောင်မစရသေးခင်ကြွေလွင့်ရတော့မယ်ဆိုပါလား........

Chaeyoung သူမမျက်နှာလေးကိုငေးနေရာမှ စိတ်မထိန်းနိုင်တော့ဘဲ သူမနှုတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်မိသည်..........
မည်မျှကြာအောင်နမ်းမိသည်မသိ Jennie အသက်ရှုကြပ်လာ၍ သူ့ရင်ဘက်ကိုလက်ကလေးနှင့်တွန်းလိုက်တော့မှ သူသတိပြန်ဝင်လာကာ

"Sorry..... ချာတိတ်.......”

Jennie တစ်ဖက်သို့မျက်နှာလွှဲလိုက်ပြီး အသက်ဝအောင်ရှူနေရသည်.... သို့သော်သူမကြားလိုက်ရသည့်စကားက sorryတဲ့လား....... သူ့မျက်နှာကိုမော့ကြည့်လိုက်တော့

"အဆင်ပြေရဲ့လားဟင်.......ကိုယ်တောင်းပန်ပါတယ်..... ”

သူမနှုတ်ဆိတ်နေသဖြင့်သူက
"အိမ်ပြန်ကြရအောင်နော် ညနက်နေပြီ... ဆေးရုံအုပ်စိတ်ပူနေဦးမယ်....”
သူမဘာမှပြန်မပြောဖြစ်......

အိမ်ရှေ့ရောက်သည်နှင့်တစ်ပြိုက်နက် ကားတံခါးဖွင့်ကာ ဆင်းသွားသော သူမကြောင့် Chaeyoung လဲကားပေါ်မှဆင်းလိုက်ပြီး

" ချာတိတ်.............” သူဘာမှမပြောရသေးခင် အိမ်တံခါးပွင့်လာကာ

"ပြန်ရောက်ကြပြီလား..... အထဲဝင်လေ ယောင်းအပြင်မှာအေးတယ်..... ” Mrs.kim စကားကြောင့် chaeyoung ပါအိမ်ထဲလိုက်ဝင်လိုက်သည်.......

"ယောင်းဒီညဒီမှာဘဲအိပ်လိုက်ပါလား
....... ညနက်နေပြီလေ နှင်းတွေကျနေတော့ ကားမောင်းရအဆင်ပြေမှာမဟုတ်ဘူး........ Jennieအခန်းကအကျယ်ကြီး Jenလေးနဲ့အိပ်လိုက်နော်......” သူဘာမျှပြန်မပြောခင်ပင်

"Jenရေ သမီး ယောင်းက ဒီမှာအိပ်မှာ သမီးအခန်းထဲခေါ်သွားလိုက်.... ” ဟု အပေါ်ထပ်တက်ရန်ပြင်နေသော Jennie ကိုလှမ်းပြောလိုက်သည်...

ထို့နောက်...

"ယောင်းလေးလိုက်သွားလိုက်သွားအနားယူတော့....” ဟုပြောကာ သူ့အခန်းထဲသူပြန်ဝင်သွားသဖြင့် chaeyoung ခမျာ Jennieကိုမော့ကြည့်လိုက်တော့

"လာလေ.....မလာဘဲအဲ့မှာဘာရပ်လုပ်နေတာလဲ.......” အသံအနည်းငယ်မာနေသဖြင့် သူမစိတ်ဆိုးနေသည်ထင်၍ chaeyoung လဲ ဘာမှ စောဒကမတက်တော့ဘဲ သူမအနောက်သို့လိုက်လာခဲ့သည်....

Last SnowWhere stories live. Discover now