34

1.3K 137 12
                                    


Jennie addidadsကထုတ်တဲ့ ရေကူးဝတ်စုံအတွက် ရိုက်ကူးရေးသို့ရောက်နေသည်...
မင်းသားမှာလည်း Jennieကဲ့သို့ modelလောကသို့ဝင်ရောက်သည်မှာမကြာသေး..သို့သော် သူက Big entertainmentမှ နာမည်ကြီး idolတစ်ယောက်....... ထို့ကြောင့် တက်သစ်စmodel သာဖြစ်သော်လည်း Jennieကဲ့သို့ပင် အားပေးသူအများအပြားရလေသည်....

Jennieမှာရေကူးသိပ်ပြီးမကျွမ်းကျင်သဖြင့် ယခု ရေကူးသည့် sceneရိုက်ကူးရန် စိတ်လှုပ်ရှားလျှက်ရှိသည်...BobbyမှာJennieကြောက်နေသည်ကိုသိသဖြင့်

"Jennသိပ်ပြီးစိတ်မလှုပ်ရှားပါနဲ့.... ကိုယ်လည်းရှိနေတာဘဲ.... ရေထဲမှာကလည်းသိပ်ပြီးမကြာပါဘူး....အဆင်ပြေမှာပါ... ”

"Nae. ..oppa. ... ” Jennie ပြောသာပြောလိုက်ရသည်... စိတ်ကတော့စိုးရိမ်စိတ်မပျယ်...
Chaeyoung အားမခေါ်လာခဲ့မိသည်ကိုနောင်တရနေလေသည်....
ထို့ကြောင့် chaeyoung အားဖုန်းဆက်လိုက်သည်
ဖုန်းမကိုင်.... ခွဲစိတ်ခန်းဝင်နေသည်ဖြစ်မည်...

"အားလုံးဘဲ မင်းသားမင်းသမီးreadyဖြစ်ရင်စကြမယ်...” ဒါရိုက်တာလှမ်းအော်သဖြင့် Jennie ဖုန်းကိုချကာ ခါးတွင်စည်းထားသည့်ပုဝါကိုဖြေကာ ရေကူးကန်ထဲဆင်းလာသည်..
Bobbyမှာ ရေကူးကန်ထဲရောက်နေပြီ​ဖြစ်သဖြင့် ရေကူးဝန်စုံနှင့် ခန္ဓာကိုယ်ကောက်ကြောင်းလှလှလေးကို လှမ်းငေးနေသည်ကို တွေ့လိုက်သဖြင့် Jennie အနည်းငယ်ရှက်သွားကာ ရေထဲအမြန်ဆင်းလိုက်သည်....

"မင်းသားနဲ့မင်းသမီး စပြီးရေကူးလာမယ်... ပြီးရင် ဖြည်းဖြည်းချင်းရေကန်အလယ်မှာ စုံကြမယ်... အဲ့ကျရင် မင်းသားက မင်းသမီးကို စိုက်ကြည့်ပြီးလှမ်းဖက်မယ်...Okနော်... စမယ်...”

Jennie ဖြည်းဖြည်းချင်း ရေကူးလာခဲ့သည်....
ဒါရိုက်တာပြောသည့်အတိုင်း ရေကန်အလယ်တွင်ရပ်ပြီးမင်းသားအားလှမ်းကြည့်လိုက်သည်...
Bobbyက Jennieအား စိုက်ကြည့်ပြီးဆွဲဖက်လိုက်သည်....

"မင်းအရမ်းလှနေတယ်Jenn. ..” Bobbyက Jennie နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သဖြင့် Jennie မှာ ရှက်သွားကာ မျက်နှာကလေးနီလာပြီးခေါင်းကိုငုံ့လိုက်မိသည်

"Cut. .Ok ကောင်းတယ်......” ဒါရိုက်တာကလက်ခုပ်တီးကာ သဘောကျနေလေသည်...

Last SnowWhere stories live. Discover now