9

1.6K 151 3
                                    

" ကိုယ်မင်းကိုလက်ထပ်မယ်ချာတိတ်........” သူထပ်ပြောနေသဖြင်​့ သူမမျက်လုံးလေးကလည်ကလည်နှင့်သူ့ကိုပြန်ကြည့်နေမိသည်...

"Dr. တကယ်ပြောနေတာလား.... Jennက ဒီတိုင်းပြောလိုက်တာပါ.......”

"မရတော့ဘူး ချာတိတ် ကိုယ်က အတည်ယူလိုက်ပြီ...... ကဲ ပြန်ကြရအောင်.......”

"ဟင်ပြန်တော့မလို့လား....... ခုမှအစောကြီးရှိသေးတာကို.... ရုပ်ရှင်ကြည့်ချင်တယ်....လိုက်ပြပါနော်......”

သူသက်ပြင်းတစ်ချက်ချကာ.
(ဒီနေ့တော့ကလေးထိန်းဖြစ်ပြီ.....
Park chaeyoung ရေ......) သူစိတ်ထဲမှ ရေရွတ်လိုက်မိသေးသည်..

"ကဲသဘော....သဘော.....ချာတိတ်သဘောပါ.....”

"ဟေး...... အာ့ဆိုရုပ်ရှင်ရုံကိုမောင်း....” သူမက ကားပေါ်တက်ထိုင်ပြီးစတင်အမိန့်ပေးလေတော့သည်...

"Ok ပါ........”

ရုပ်ရှင်ရုံရောက်တော့ သူမက Train To Busan ကားကြည့်ချင်သည်ဟုပူဆာလာသဖြင့်

"အဲ့ကားကကြောက်ဖို့ကောင်းတယ်ပြောကြတယ်ချာတိတ်ရ ကြည့်ရဲလို့လား......”

"ဘာလို့မကြည့်ရဲရမလဲ..... Jennက ကလေးလား zombieကို ကြောက်ရအောင်......ကလေးတွေဘဲ ကြောက်မှာပေါ့.... ဘာလဲ Dr.က ကြောက်နေတာလား.....ဟဲဟဲ....” သူက ကြောက်သည့်ဟန်လုပ်ပြလိုက်တော့

"ဘာလဲ မကြောက်ပါနဲ့ လာခဲ့ ဝင်ရအောင် ရုပ်ရှင်စတော့မယ်......”

" မုန့်မဝယ်တော့ဘူးလား....”

"အာ....ဟုတ်သားဘဲ.....အာလူးကြော်ရယ် ပေါက်ပေါက်ရယ်.... ကိုလာရယ်ဝယ်ပေး.....Dr.ကြီး....”

"ဟင် အများကြီး ကုန်လို့လားချာတိတ်ရ ကိုယ်မစားဘူနော်.....”

"ကုန်ပါတယ် Dr.ရ..........”

"Okကုန်ရင်ပြီးတာဘဲ.....” သူ မုန့်များကိုသွားဝယ်လိုက်သည်..... ထို့နောက်

"ကဲ ချာတိတ်ဝင်ကြတော့မလား......”

"Ok.......”

ခုံနံပါတ်ကိုရှာပြီးဝင်ထိုင်လိုက်ကြသည်... ရုပ်ရှင်ကတော့မစသေး...  နေရာကတော့ အလယ်မှာဖြစ်သဖြင့်် အဆင်ပြေသည်..... သူတို့ဘေးတွင်တော့ လူမရောက်သေး ..........

Last SnowTempat cerita menjadi hidup. Temukan sekarang