29

1.6K 165 9
                                    

Chaeyoung သူ့အားပြုံးစစဖြင့်မေးနေသော ပေါင်ပေါ်မှ ကောင်မလေးအားစိုက်ကြည့်ရင်း သူမခါးလေးကိုဖက်ကာ 
"ဒီလိုဘဲသောက်ကြတာပေါ့....”
ဝိုင်ခွက်ထဲမှ ဝိုင်ကိုမော့ရင်း သူမနှုတ်ခမ်းလေးကို နူးညံ့စွာစုပ်ယူနမ်းရှိုက်လိုက်သည်.....

ဝိုင်၏တန်ခိုးကြောင့် Jennieသွေးများဆူလာကာ chaeyoung အားတုံ့ပြန်အနမ်းများပေးနေမိသည်....
တဖြည်းဖြည်း အနမ်းများက အရိုင်းဆန်လာကာ ကြမ်းတမ်းလာတော့သည်.... chaeyoung သူမ လည်တိုင်လေးကိုနမ်းလိုက်တော့ အလိုက်သင့် မော့ပေးသဖြင့် လည်တိုင်တစ်လျှောက်ရှိအကြောစိမ်းစိမ်းလေးများကို နှုတ်ခမ်းလေးနှင့်ပွတ်ဆွဲရင်း သူမကိုယ်လေးကိုနောက်သို့မယိုင်ကြသွားစေရန်ထိန်းပေးထားလိုက်သည်....

Chaeyoung သူမကိုယ်လေးကိုပွေ့ကာ ကုတင်ပေါ်သို့ ချီသွားလိုက်ပြီး သူမအဝတ်အစားများကို တစ်လွှာချင်းချွတ်လိုက်တော့ သူမက မျက်လုံးများကို တင်းနေအောင်မှိတ်ချလိုက်သဖြင့် chaeyoung က
"ချာတိတ် ရှက်နေတုန်းဘဲလား..... ပထမဆုံးကြိမ်လဲမဟုတ်တော့ဘဲနဲ့...” သူမနားနားတီးတိုးပြောလိုက်တော့ သူမက မျက်လုံးများကို ဖျက်ခနဲဖွင့်လိုက်ပြီး သူ့ပခုံးကို အသာထုရိုက်လိုက်သည်....

ထို့နောက် ဘာစိတ်ကူးပေါက်သည်မသိ Chaeyoung အဝတ်အစားများကို ကူပြီးချွတ်ပေးလိုက်သည်.... ပြီးမှပင် သူမကိုယ်သူမပြန်တွေးမိကာ ရှက်သွားပြန်သည်....

ထို ချာတိတ်လေးအား Chaeyoung ချစ်မဝစွာကြည့်ရင်း အဆုံးစွန်သော သာယာမှုကိုပေးနေမိပြန်သည်......
Jennie chaeyoung သင်ပေးသောအချစ်သင်ခန်းစာများကို သင်ယူရင်း...

သူပေးသော နူးညံ့သည့်အထိအတွေ့များကို ခံယူရင်း တစ်ချက်တစ်ချက်ညည်းလိုက်သည့် အသံလေးများကြောင့် Chaeyoung မှာ Jennieအား အကြိမ်ကြိမ်ပြီးမြောက်စေသည့်အထိ စိတ်ကျေနပ်မှုကိုပေးပြီး  မောသွားကာ သူမ ၏ အဝတ်ဗလာ ကျောပြင်လေးကိုဖက်ပြီးအိပ်ပျော်သွားလေတော့သည်.....

...................................................

ပေးထားသည့် alarm သံကြောင့် Chaeyoung နိုးထလာသည်......
၆နာရီထိုးပြီဖြစ်သည်.......
ဘေးမှJennieကို လှည့်ကြည့်လိုက်တော့ စောင်ထဲတွင်ကွေးကွေးကလေးအိပ်နေဆဲ......

Last SnowWhere stories live. Discover now