3

1.7K 167 1
                                    

Mrs.kim နေ့လည်စာ Jennieနှင့်အတူစားရန်အတွက် canteenမှ နေ့လည်စာယူပြီး VIP ခန်းထဲဝင်လာတော့......

ကုတင်ပေါ်တွင်ထိုင်ကာ ဆန်ပြုတ်ထိုင်စားနေသော သမီးဖြစ်သူကိုတွေ့လိုက်ရသဖြင့်.....

"Ommo ငါ့သမီးလေး ဆန်ပြုတ်တွေဘာတွေစားလို့ပါလား....... "
အရင်ကတော့ ဆန်ပြုတ်တခါခါစားဖို့အရေး မနည်းပြောရသည်မဟုတ်ပါလား ဒါတောင်မှ စားချင်မှစားတာလေ.....
အခန်းထဲရောက်မှ ထိုင်ခုံတွင်လက်ပိုက်ကာထိုင်လျှက် Jennie ဆန်ပြုတ်စားနေသည်ကို ထိုင်ကြည့်နေသော chaeyoung ကိုတွေ့လိုက်ရသဖြင့်

"ယောင်းလေ...... ရောက်နေတာလား...." ဆိုတော့ chaeyoung က
သူမကိုထပြီးအရိုအသေပေးကာနှုတ်ဆက်လိုက်ပြီး

"ဟုတ်ကဲ့ Jennie က ဗိုက်ဆာတယ် ဆိုလို့ ဆန်ပြုတ်လာပို့ပေးတာပါ.. ဆေးရုံအုပ်.... "

"အော်.....ကျေးဇူးပါကွယ်......."

" ဆေးရုံအုပ်လဲရောက်လာပြီဆိုတော့...
အာ့ဆိုခွင့်ပြုပါဦး........." သူနှုတ်ဆက်ပြီးအခန်းထဲမှ ထွက်ခဲ့သည်...

"Omma သူကဘယ်တုန်းကရောက်တာလဲ အသစ်လား....." Jennieမေးသဖြင့် Mrs.kimက ပြုံးကာ

"ဟုတ်တယ် သမီး...... ယောင်းလေးက Aussie မှာ ကျောင်းတက်ပြီး ပြန်လာတာလေ..... အလုပ်ဝင်တာတော့မကြာ​သေးဘူး...... သမီးနဲ့အသိတွေလား..."

"မဟုတ်ပါဘူး......ဟိုတနေ့ကမှ တွေ့တာ ommaရဲ့....." သူမ နှုတ်ခမ်းကလေးတထော်ထော်နှင့်ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ သူမ omma က သူမကို သဘောကျစွာပြုံးရင်း ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေသည်.....

"ယောင်းလေးက စိတ်နှလုံးနူးညံ့တဲ့ကလေးမလေးသမီးရဲ့ အရမ်းလဲထူးချွန်တယ်.....omma တပည့်တွေထဲမှာတော့ ယောင်းလေးက အတော်ဆုံးဘဲ......" ommaက ပီတိလွှမ်းနေတဲ့ အပြုံးကလေးနှင့် သူ့တပည့်အ​ကြောင်းကြွားနေလေရဲ့.......

"Jennလေး အသီးစားဦးမလား....omma ပန်းသီးအခွံနွှာပေးမယ်......"

"Arniee ပန်းသီးမစားချင်ဘူး..... စတော်ဘယ်ရီ ဘဲစားချင်တာ....." သူမ omma လက်မောင်းကလေးကို ဆွဲကိုင်လှုပ်ရင်းပူဆာနေသဖြင့်

"ကဲ အဲ့ဒါ ဆို ခနစောင့်..... omma သွားယူလိုက်ဦးမယ် ........" ဟုဆိုကာ canteenသို့ပြန်ထွက်သွားတေ့ာသည်

Last SnowWhere stories live. Discover now