23

1.8K 163 7
                                    

ဖုန်းလာသဖြင့် Chaeyoung အတွေးစများရပ်သွားသည်

"Hello. ......... ” ကြားနေကြအသံမဟုတ်ဘဲ ယောကျားအသံဖြစ်နေသဖြင့် သူမျက်မှောင်ကြုတ်လျှက်

"Hello. .....ဘယ်သူပါလဲ....”

"ကျနော်... တက္ကစီသမားပါ.... ဒီဖုန်းပိုင်ရှင်မိန်းကလေး သတိလစ်နေလို့.....”

"ခုဘယ်မှာလဲ.....” သူအလောတကြီးမေးလိုက်သည်....

"ခုက ဒီမိန်းကလေးအိမ်ရှေ့မှာပါ...... ဘယ်သူမှ လဲ မထွက်လာကြလို့ဖုန်းဆက်လိုက်တာပါ....”

"ဟုတ်ပြီ... ကျမ လူနာတင်ယာဥ်နဲ့လိုက်လာမယ်....” သူဖုန်းချကာ Lisaအား

"Lisayah Jennie နေမကောင်းလို့....  ငါသွားရတော့မယ်... ကိုယ့်ဟာကိုယ်ဘဲ ပြန်လိုက်တော့ နောိ....”ဟုလှမ်းပြောကာ သူခေါင်မိုးထပ်မှပြေးဆင်းခဲ့သည်.... ပြေးနေရင်း အရေပေါ်ယာဥ်အားဖုန်းဆက်လိုက်သည်...

"ကျမ Dr.  Chaeyoung ပါ..... လူနာတစ်ဦးကိုသွားခေါ်ရမယ် ဆေးရုံဝမှာ
အသင့်ပြင်ထားပေးပါ အခုလာနေပြီ....”

ဆေးရုံအဝရောက်တော့ အသင့်စောင့်နေသော လူနာတင်ယာဥ်ပေါ်သူလှမ်းတက်လိုက်ပြီး လိပ်စာကိုပြောလိုက်သည်.....

လူနာတင်ယာဥ်ရပ်သည်နှင့်သူပြေးဆင်းလိုက်သည်....
ကားနောက်ခန်းတွင်လဲကျနေသော သူမကိုယ်လေးကိုလှမ်းပွေ့ကာ လူနာတင်ယာဥ်ပေါ်သို့တင်လိုက်သည်......

ကားထွက်တော့ သူသူမနှလုံးခုန်သံကိုနားထောင်ကြည့်လိုက်သည်... ထို့နောက် မျက်ခွံကိုလှမ်ကာ ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်....

ပွေ့ချီလာစဥ်သူမခန္ဓာကိုယ်ပူနွေးနေသည်ကို သတိထားမိသဖြင့် နဖူးကလေးကိုစမ်းကြည့်လိုက်သည်....

ဆေးရုံသို့ကားဆိုက်ရောက်ပြီဖြစ်သဖြင့် သူမကို ကားပေါ်မှချကာ အရေးပေါ်ခန်းဆီသို့ယူဆောင်သွားလေသည်....

အဖျားကြီးကာသတိလစ်သွားခြင်းသာဖြစ်သဖြင့် သူမကို ဆေးတစ်ပုလင်းချိတ်ပေးရင် သူမ လက်ကလေးကိုကိုင်ကာသတိရလာမည့်အချိန်ကိုသူထိုင်စောင့်နေမိသည်......

ဆေးဘူးတစ်ဝက်ခန့်လောက်ရောက်တော့ သူမထံမှ ညီးသံလေးထွက်လာသဖြင့်

Last SnowWhere stories live. Discover now