7

1.7K 152 3
                                    

တဟိုဟိုနဲ့ထစ်နေသော သမီးဖြစ်သူကိုကြည့်ရင်း သူမပြုံးလိုက်မိသည်.......

"စားပြီးရင်ဆေးသောက်ဖို့မမေ့နဲ့ဦးနော်Jennလေး.....”

"Nae omma...... Good Night omma.......” ဟု ဆိုကာ သူမအကြိုက်ဆုံး စတော်ဘယ်ရီ ပန်းကန်လေးကို ယူကာ အခန်းထဲဝင်လာတော့သည်.....

အိပ်ရာပေါ်တွင်သူမ လူးလှိမ့်ရင်းစဥ်းစားနေမိသည်က Dr. Park Chaeyoung အကြောင်း......

Jennie pov:

"အဲ့Dr.ကြီးနဲ့တွေ့ရင် ရင်ထဲကဘာလို့တလှပ်လှပ်နဲ့ဖြစ်လာတာလဲမသိဘူး..... ငါသူ့ကိုများကြိုက်မိသွားတာလား...... Arniee မဟုတ်တာ...... မိန်းကလေးအချင်းချင်း...... မဖြစ်နိုင်ပါဘူး.........
ဒါမှမဟုတ်ငါများ Gayသွားတာလား....
မဟုတ်ရင်လဲ နှလုံးအားနည်းလို့များလား...........?????.... Arr bollar...မသိတော့ဘူး...... စိတ်ရှုပ်လိုက်တာ... သူ့အကြောင်းမတွေ့နဲ့တော့........ မတွေးနဲ့....မတွေးနဲ့.... ညနေက ငါ့အနားကပ်လာတော့ သူ့နှုတ်ခမ်းလေးတွေက ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့နီရဲနေတာဘဲ.....ဟိဟိ..... အာ....မတွေးပါဘူးဆို....... ”
.........................................................

Next morning.......

"Jennသမီးရေ omma အရေးပေါ်အစည်းအဝေးရှိလို့ သွားတော့မယ် နေ့လည်ကျမှ နေ့လည်စာတူတူလာပြန်စားတော့မယ်နော်..... သမီး စားချင်တာကို Arjima လာရင်လုပ်ခိုင်းလိုက်နော်...” အခန်းထဲဝင်ကာ တတွတ်တွတ်မှာနေသောကြောင့်Jennie အိပ်နေရာမှ မျက်လုံးမဖွင့်ဘဲ

"အင်း.......”ဟု အိပ်မှုံစုံဖွားပြန်ဖြေလိုက်သည်..

"နံနက်စာစားပြီးရင်လည်း ဆေးသောက်ဖို့ မမေ့နဲ့နော်.... ”

"အင်း......ပါ.....omm....ma....”

Mrs.kim လည်း ဆေးသောက်ရန်မှာကြားပြီးဆေးရုံသို့ရေးကြီးသုတ်ပြာထွက်ခဲ့သည်....

Jennie သူ့ommaသွားသည်နှင့်တစ်ပြိုင်နက်အိပ်ရာမှထလိုက်သည်...
Ommaမရှိတုန်းအပြင်ခိုးထွက်ရန်အကြံရလာသဖြင့် သူမ ရေမိုးအမြန်ချိုးကာပြင်ဆင်လိုက်သည်.....
ထို့နောက် အနွေးထည် ထူထူတစ်ထည်ကိုဝတ်ကာ မာဖလာလေးကိုပတ်လိုက်သည်။ သူမကိုယ်သူမ မှန်ထဲ​ကြည့်လိုက်သည်.... ထို့နောက်မိမိကိုယ်မိမိကျေနပ်သွားသဖြင့်ပိုက်ဆံအိတ်ကလေးကို လွယ်ကာ အပြင်သို့ထွက်ခဲ့သည်......

Last SnowWhere stories live. Discover now