11

1.7K 158 2
                                    

"Jennieကို လက်ထပ်ခွင့်ပြုပါ ဆေးရုံအုပ်.....” နံနက်စာစားရင်းပြောလိုက်သည့် chaeyoung စကားကြောင့် Jennie စားနေရင်းသီးသွားသည်...

"အဟွတ်...အဟွတ်....”
Mrs.kimကထိုစကားကိုမမျှော်လင့်ဘဲ ကြားလိုက်ရသဖြင့် စားနေရာမှ တူပင်လွတ်ကျသွားသည်.......

"ဘယ်လိုယောင်း........ Jenလေးနဲ့ လက်ထပ်မယ်ဟုတ်လား......” Mrs.kimက ခပ်ဆက်ဆက်မေးလိုက်သဖြင့် Jennie ဦးခေါင်းကို အတတ်နိုင်ဆုံး ငုံ့ချထားလိုက်သည်.....

"ဟုတ်ပါတယ်.... ဆေးရုံအုပ်...... Jennieကလည်း လက်ထပ်မယ်လို့သဘောတူပါတယ်.... အဲ့ဒါ ကြောင့် ဆေးရုံအုပ်ခွင့်ပြုပေးပါ.....” သူမဘာမှမပြောဘဲ သဘောတူတယ် ပြောနေသဖြင့် စားပွဲအောက်မှ သူ့ခြေထောက်ကို တက်နင်းလိုက်သည်.....

သူက Jennieကို လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး....

"ဘာလို့ငြိမ်နေတာလဲ....ချာတိတ်ရ.... မင်းဘဲလက်ထပ်မယ်......,ဆို...” သူ့စကားမဆုံးခင် Jennieက ကြက်ဥကြော်တစ်ဖက်ကို သူ့ပါးစပ်ထဲသို့အတင်းခွံ့ကျွေးလိုက်ကာ မိခင်ဖြစ်သူကို သွားဖြဲကာ ရီပြလိုက်လေတော့သည်.....

" ဟုတ်ပြီလေ..... အဲ့ဒါဆို မဂ်လာပွဲကို လာမယ့် sundayကျရင် လုပ်ကြတာပေါ့ ....” Mrs.Kimက လိုလိုလားလားနှင့်ခွင့်ပြုလိုက်သဖြင့်

"ဟင်  sundayရောက်ဖို့က ၃ရက်ဘဲလိုတော့တာလေ.....omma....” ဟုသူမကစောဒကတက်လိုက်တော့

"Omma အသိရှေ့နေ့နဲ့ဘက် လက်ထပ်စာချုပ်မှာလက်မှတ်ထိုးလိုက်ကြတာပေါ့..........အကျယ်အချဲ့စေချင်ဘူး Jenn...omma စီစဥ်ထားလိုက်မယ်..... ယောင်းက နက်ဖြန်ကစပြီး ဒီကိုဘဲပြောင်းလာလိုက်ပေါ့...”

"ဟုတ်ကဲ့ပါဆေးရုံအုပ်........” ထိုအခါ Mrs.Kimက ပြုံးလိုက်ပြီး

"အရင်လိုဘဲ ခေါ်ပါ ယောင်းရဲ့ ခုတော့ တကယ့်ommaဖြစ်ပြီနော်.......” ဟုဆိုလိုက်သဖြင့် Jennieက နားမလည်စွာနှင့်

"ဘယ်လို....တကယ့်ommaဖြစ်ပြီဆိုတာက......”

"အော်သမီးရယ်....သမီးကို ယူမှတော့ အမေ့ချွေးမဖြစ်ပြီပေါ့.....” ဟုဆိုကာ လက်ဆွဲအိတ်ကိုလှမ်းယူကာဆေးရုံသို့ထွက်ခဲ့လေတော့သည်.....

Last SnowNơi câu chuyện tồn tại. Hãy khám phá bây giờ