22

1.7K 151 3
                                    

တစ်ရက် chaeyoung ညဘက်စာလုပ်နေစဥ်Lisaက chaeyoung အနီးသို့လာကာ ဘေးတွင်လာထိုင်သဖြင့် chaeyoung စာလုပ်နေရာမှမော့ကြည့်ကာ
"Lisaya. .. ခုထိမအိပ်သေးဘူးလား....ထူးထူးဆန်းဆန်း......”
ထိုအခါ lisaက
"Chaeyoungnar. ...... ငါနင့်ကိုရင်ဖွင့်စရာရှိလို့....”
ဟုဆိုလိုက်တော့

"Yar.....  lisa နင် က..... ငါ့ကို....... မဟုတ်မှ.... ” chaeyoung မျက်လုံးပြူးကာ ဆိုလိုက်တော့

"Arr. ... နင်တွေးနေသလိုမဟုတ်ဘူးနော်....” lisa ပြူးပြူးပြာပြာနှင့် အော်ပြောလိုက်သည်

"အေပြီးရော... အာ့ဆိုဘာပြောဖို့လဲပြော.....” ဟု chaeyoung က စိတ်သက်သာရာ ရသလိုမေးလိုက်တော့

"ငါ သဘောကျတဲ့သူရှိနေပြီ......”

"အဲ့လယ်.... lalisa တယ်ဟုတ်ပါလား..... ဘယ်သူလဲ....” သူရီ​မောကာမေးလိုက်သည်

"နင်သိတဲ့သူပါဟာ..... soo. ....” ထိုစကားကြောင့် chaeyoung ငြိမ်ကျသွားမိသည်....

"Chaeyoungnar. ..... ငါ sooကိုသဘောကျတယ်လို့ဆို......” သူ့လက်မောင်းကို ဆွဲလှုပ်ကာပြောလိုက်မှ

"ဟင်...... အင်......”

"အဲ့ဒါ ငါ နက်ဖြန် ဖွင့်ပြောမလို့...... ” သူ့ထံမှဘာစကားသံမှမထွက်လာသဖြင့်

"Yar. .... park chaeyoung....  ငါပြောတာကြားရဲ့လား....”

"အော်....အင်... ငါ စာထဲစိတ်ရောက်သွားလို့ပါဟ.....”သူပြန်ပြောလိုက်တော့

"နင်တို့ဉာဏ်ကြီးရှင်တွေမလည်း တစာထဲစာနေတာဘဲ....အိပ်ပြီ...မနက်ကျ fighting ပြောပေးနော်....” ဟုဆိုတော့

"အေးပါဟ....”
Lisa ထွက်သွားတော့ chaeyoung သက်ပြင်းအသာချလိုက်မိသည်..... စာကိုပြန်ကြည့်လိုက်တော့ သူမပုံရိပ်လေးကိုမြင်ယောင်လာမိသည်.... သူအရမ်းမြတ်နိုးခဲ့မိသည့်နှုတ်ခမ်းလေးများ.....

သူ့အချစ်ဆုံးသူငယ်ချင်းကလည်းသူချစ်နေသည့်သူမကိုချစ်နေမည်ဟုသူမထင်ထားခဲ့........

သူစာဆက်ကြည့်ရန်စိတ်မပါတော့သဖြင့် အိပ်စက်ရန်ပြင်လိုက်သည်....
​မှေးစက်ရန်ပြင်လိုက်သော်လည်း သူမ၏ အသဲပုံနှုတ်ခမ်းလွှာကလေးက အာရုံထဲမြင်ယောင်လာပြန်သည်..... တဖန် သူမရီသံလွင်လွင်ကလေးများကြားယောင်မိပြန်သဖြင့် သူနားကိုလက်နှစ်ဖက်နှင့်အုပ်လိုက်ပြီး မျက်လုံးကို အတင်းမှိတ်ပစ်လိုက်သည်...

Last SnowWhere stories live. Discover now