38

1.3K 146 15
                                    

Chaeyoung နိုးလာတော့ Jennieမရှိတော့သဖြင့် ရေမိုးချိုးအဝတ်အစားလဲကာ နံနက်စာစားရန် ဆင်းလာတော့

"ယောင်း...Jennလေးနဲ့ရန်ဖြစ်ထားတာလား...” ထမင်းစားခန်းတွင် ထိုင်ထိုင်ချင်းမေးလိုက်သဖြင့်

"မဖြစ်ထားပါဘူး..Ommaရဲ့..ဘာဖြစ်လို့လဲ...”

"Jennလေးက နံနက်စာလည်းစားမသွားဘူး...မျက်နှာလည်းသိပ်မကောင်းသလိုဘဲ...မနေ့ကဘာဖြစ်ခဲ့တယ်ပြောလဲ...”

"ဟုတ်လား..မနေ့ကယောင်းပြန်ရောက်တော့ သူအိပ်ပျော်နေပြီ... ဆံပင်စိုနဲ့အိပ်နေလို့ယောင်းခြောက်အောင်သုတ်ပေးလိုက်ရ​သေးတယ်...”

"အင်း..အဲ့ဒါ ဆို ပင်ပန်းနေလို့ဖြစ်မယ်.....ယောင်း Shooting လိုက်သွားကြည့်ပါလား...”

"Nae. ..omma. ...”
Chaeyoung စားသောက်ပြီး နောက် မန်နေဂျာအားshooting နေရာသို့လှမ်းမေးကာလိုက်သွားလိုက်သည်.

Shooting ရောက်တော့ မင်းသားတစ်ဦးနှင့်အတူ တွဲဖက်ရိုက်နေသည်ကိုတွေ့လိုက်ရသည်
Jennieမှာ Chaeyoung ကိုတွေ့သည်နှင့် မမြင်ချင်ယောင်ဆောင်ကာ bobbyအား sexyကျစွာ လည်တိုင်ကိုသိုင်းဖက်လိုက်သည်

Jennie၏ အပြုအမူကြောင့် shooting ရှိလူများအားလုံးအံသြသွားကြသည်...သို့သော် ပိုစ်အသစ်ဖြစ်ပြီး sexyကျသဖြင့် ဒါရိုက်တာက သဘောကျကာ

"Ok. ..nice. ... မင်းသမီးက မျက်နှာနဲနဲထပ်ကပ်ပေးလို့ရဦးမလား....”
Chaeyoung ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာပျက်သွားသည်....

Jennieမှာ Chaeyoung မျက်နှာပျက်သွားသည် ကိုမြင်သဖြင့်အားရသွားပြီး မျက်နှာကိုပိုမိုကပ်လိုက်သည်... နှုတ်ခမ်းချင်းထိလုထိခင်အနေအထားဖြစ်သဖြင့် Chaeyoung မျက်နှာလွှဲကာ သန့်စင်ခန်းသို့ထွက်လာခဲ့သည်...

Jennieမှာ Chaeyoung ထွက်သွား သည်ကိုမြင်ကာ မဲ့ပြုံးပြုံးလိုက်ပြီး

"Oppa. ..ခုနက sorryနော်....”

"ရပါတယ်...နောက်လည်းအကူအညီလိုရင်ပြောလေ...Jennအတွက်ဆို ကိုယ်ကအမြဲအဆင်သင့်ဘဲ.....”

..................................

Jennie အဝတ်အစားလဲနေစဥ် Chaeyoung မိတ်ကပ်အခန်းထဲ ပြန်ရောက်လာသည်.. Jennieမှန်ထဲမှ Chaeyoung ကို အကဲခတ်လိုက်သည်
မျက်နှာတော့သိပ်မကောင်း...
Jennie ယခုမှ chaeyoung အားတွေ့သကဲ့သို့

Last SnowWhere stories live. Discover now