27

1.7K 157 22
                                    

"ချစ်တာပေါ့.ချာတိတ်ရယ်..... ဘယ်လိုမေးလိုက်တာလဲ...... ” chaeyoung Jennieနဖူးလေးကို နမ်းရှိုက်ရင်း ဖြေလိုက်သည်.....

Jennieကသဘောကျကာပြုံးလျှက်....

"အဟင်း...အဟင်း....” omma၏ ချောင်းဟန့်သံကြားမှ chaeyoung ommaရှိနေမှန်းသိကာ ရှက်ကိုးရှက်ကန်းဖြင့်

"ဟို..... ဟို... ကိုယ်စားစရာသွားယူပေးမယ်နော်......” ဟုဆိုကာ ဆေးရုံကန်တင်းသို့ထထွက်လာခဲ့သည်......

ဆေးရုံ ကန်တင်းရောက်တော့ သူမအတွက် ဆန်ပြုတ်နှင့်နွားနို့ကိုမှာလိုက်သည်.... ထို့နောက်သူမကြိုက်တတ်သည့် စတော်ဘယ်ရီသီးလေးကိုပါမမေ့မလျော့ယူလာခဲ့သည်.....
စားသောက်စရာများ ကို ဗန်းလေးနှင့်ထည့်ကာ Jennieရှိရာ VIP roomသို့ပြန်လာခဲ့သည်....

ထို့နောက် သူမအား အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်လေးကို အေးအောင်မှုတ်ကာ ခွံ့ကျွေးနေသည်.... Omma ကတော့ပြုံးလျှက်.......
"ကဲ omma အလုပ်ရှိသေးလို့ ယောင်းရောက်လာပြီးဆိုတော့သွားလိုက်ဦးမယ်...”

ဆန်ပြုတ်စားပြီး စတော်ဘယ်ရီသီးကိုခွံ့ကျွေးနေစဥ်

"Jenn. .... သက်သာရဲ့....ယောင်း.......” Jisoo စကားကိုဆုံးအောင်ပင်မပြောလိုက်နိုင်......
Chaeyoung က Jennieကို ခွံ့ကျွေးနေသည် ကို မြင်လိုက်သဖြင့် တအံ့တသြဖြစ်သွားလေသည်... chaeyoung မှာလည်း Jisooကို တွေ့လိုက်ရတော့  ခွံ့ရန်ပြင်နေသော လက်ကို ရုတ်လိုက်မိသည်...

"Unnie. ...ဘယ်တုန်းကပြန်ရောက်တာလဲ..... ခုမှဘဲတွေ့ရတော့တယ်.....ထိုင်လေ unnie. ...”
Jennieစကားကြောင့် Jisoo မှာ လည်း ပျက်ရွင်းနေသော မျက်နှာကိုပြင်ကာ ပြုံးလျှက်

"Jenn. .... unnieမနေ့ကတည်းကလာဖို့ဘဲ.....သူငယ်ချင်းနာရေးသွားလိုက်လို့ ...” ဟုဆိုကာ chaeyoung ကိုကြည့်ပြီးပြောလိုက်သဖြင့် Chaeyoung မှာ ထိုင်နေရာမှထကာ

"ကိုယ်အလုပ်ရှိသေးလို့....အေးဆေးပြောကြဦးနော်....” ဟုဆိုတော့

"နေပါဦး Jennအမနဲ့မိတ်ဆက်ပေးဦးမယ်...ခနလေး...” ဟု chaeyoung လက်ကိုဆွဲကာ ပြောသောကြောင့် Chaeyoung သက်ပြင်းချကာ ပြန်ထိုင်ချလိုက်သည်...

"Unnie ဒါကJennရဲ့အမျိုးသမီးလေ.... park chaeyoung တဲ့ ဆရာဝန်ဘဲ..... ဒေါက်တာကြီး ဒါက Jennအမတစ်ဝမ်းကွဲ Kim Jisoo တဲ့ ”
Jisoo Jennie၏ မိတ်ဆက်စကားကြောင့် မျက်ဝန်းလေးများညိုမှိန်ကျသွားသည်....
ပြီးနောက်ပြုံးကာလက်ကမ်းပေးပြီး

Last SnowWhere stories live. Discover now