6

1.6K 150 0
                                    

Chaeyoung အိမ်ထဲရောက်တော့ ဧည့်ခန်းရှိဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်....
Jennieကတော့သူကိုထိုင်ခိုင်းပြီး မီးဖိုခန်းထဲဝင်ကာအလုပ်ရှုပ်နေသည်...

ခနအကြာကော်ဖီတစ်ခွက်ကိုင်ပြီးထွက်လာသည်..... ကော်ဖီခွက် ကို သူ့ကိုကမ်းပေးသဖြင့်သူက လှမ်းယူလိုက်ပြီး ကော်ဖီပူပူလေးကို တစ်ကျိုက်မော့သောက်လိုက်သည်....

"Woww....ကောင်းသားဘဲ..... ချာတိတ်ရ......... မင်းက ကော်ဖီကောင်းကောင်းဖျော်တတ်တာဘဲ...." သူ့ဆီက ချီးကျူးစကားကြားရသဖြင့် Jennieရှက်လာကာ ထိုင်နေရာမှ လက်နှစ်ဖက်ကိုပွတ်နေမိသည်.....

" ချာတိတ်မင်းဘာဝါသနာပါလဲ......." သူမေးလိုက်တော့ သူမကနထင်ကလေးကိုလက်ကလေးနှင့်ထောက်ကာ.....

"အင်း....... Jennက အချက်အပြုတ်ဝါသနာပါတယ်...... ကိတ်ကလေးတွေလုပ်ရတာလဲ ကြိုက်တယ်...... ပြီးတော့ စက်ဘီးစီးကတာလဲ ကြိုက်တယ်....." လက်ညိုးကလေးထောင်ကာတစ်ခုပြီးတစ်ခုစဥ်းစားကာ​ဖြေနေသောသူမကို ကြည့်ကာ

"မင်းဝါသနာပါတာတွေမလုပ်ချင်ဘူးလား...." သူမေးလိုက်တော့ သူမက မျက်လုံးကလေးများအရောင်တောက်လာပြီး

"လုပ်ချင်တာပေါ့........."

"အဲ့ဒါ ဆို နှလုံးအစားထိုးကုသဖို့လက်ခံလိုက်ပေါ့ချာတိတ်ရ....... မင်းလုပ်ချင်တာတွေ အကုန်လုပ်လို့ရတာပေါ့....." သူပြောလိုက်တော့ စောစောက အရောင်တလက်လက်တောက်ပနေသော သူမမျက်လုံးကလေးများ ပြန်လည်မေးမှိန်သွားပြန်သည်........

"ဟအင်း......မလုပ်ချင်ဘူး......."

"Waee.....ဘာလို့လဲ....."

"Dr.ရဲ့ သူများနှလုံးသားနဲ့ဆိုJenn က ဒါတွေ ကြိုက်ချင်မှကြိုက်တော့မှာပေါ့........ Jenn နှလုံးသားမှမဟုတ်တာဘဲ......... Jenn အသက်ရှင်နေသ၍ Jenn နှလုံးသားလေး နဲ့ဘဲနေချင်တယ်......." မျက်ရည်ကလေးဝဲကာ ပြောနေသောသူမကိုကြည့်မိပြီး သူစိတ်မကောင်း....

"ဟားဟားဟား....... ချာတိတ်က သိပ်ကိုစိတ်ကူးယာဥ်တာဘဲကို......"
သူ့ရီသံကြောင့် ကျခါနီးဆဲဆဲ မျက်ရည်များပင်ဘယ်ရောက်သွားမှန်းမသိ...သူမမော့ကြည့်လာကာ

"????..........." သူမ မျက်မှောက်ကြုတ်နေသဖြင့်

"ချါတိတ်က ကလေးအတွေးတွေးနေတာလေ......တကယ်ကအဲ့လိုမဟုတ်ပါဘူး......."

Last SnowWhere stories live. Discover now