32

1.3K 131 19
                                    

Jennieမှာ FCရိုက်ကူးရေးအတွက်ကြိုတင်ပြင်ဆင်ရင်း ရင်ခုန်လျှက်ရှိသည်....
မိတ်ကပ်ပစ္စည်းကြော်ငြာဖြစ်သည့်အတွက် သိပ်တော့အထူးတလည်ပြင်ဆင်ရန်မလိုဘဲပေါ့ပေါ့ပါးပါးသာနေရန်Lisaက ဖုန်းဖြင့် အားတိုင်းသင်ကြားပေးနေသည်.....

"ဒေါက်တာကြီးနက်ဖြန်ရိုက်ကွင်းကို လိုက်ခဲ့ပေးမယ်မဟုတ်လားဟင်....Jenn နဲနဲကြောက်နေလို့.....”

"လိုက်ပေးမယ်လေ ချာတိတ်... ommaကိုတောင်ခွင့်ယူဖို့ပြောထားပြီးပြီ....... ကဲစောစောအိပ်တော့နော်....ကိုယ့်ရဲ့မင်းသမီးလေးနက်ဖြန်ပိုပြီးလှနေရအောင်....”စာဖတ်နေရာမှChaeyoung လှမ်းပြောလိုက်သည်...

"အဲ့ဒါ ဆို စာအုပ်ကိုချထားပြီးလာခဲ့တော့လေ.... ရှင့်ရင်ခွင်ထဲအိပ်မှအိပ်ပျော်တာကိုသိသိကြီး....”

"အင်းပါ...လာပါပြီချာတိတ်ရဲ့....”

Jennieကို ရင်ခွင်ထဲပွေ့ထားရင်းခေါင်းကလေးကိုပွတ်ပေးကာ
"နောက်ဆိုရိုက်ကွင်းတွေဆက်တာတို့နိုင်ငံခြားမှာသွားရိုက်ရတာတို့ဆိုဘယ်လိုလုပ်မလဲ ချာတိတ်ရ...... ”

"ဘာကိုလဲ.......”

"အော်..... ချာတိတ်က ကိုယ်မရှိရင်အိပ်မပျော်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ.... ”

"ဒါများလွယ်လွယ်လေး....ဒေါက်တာကြီး ကိုပါခေါ်သွားမှာပေါ့.....”

"အော်.... မေ့နေပြီလား sooက အိမ်ထောင်ရှိတာမပြောရဘူး ဆိုတာလေ.... တော်ကြာ အားပေးတဲ့ပရိတ်သတ်က ချာတိတ်မှာ အိမ်ထောင်နဲ့ ဆိုတာသိရင် ပြီးတော့ကိုယ်တို့ကသာမန်စုံတွဲတွေလိုလဲမဟုတ်ဘူးလေ.....” Chaeyoung ပြောသည်ကို ပြန်ဖြေသံမကြားသဖြင့် အသာငုံ့ကြည့်လိုက်တော့ သူ့ရင်ခွင်တွင် Jennieတစ်ယောက် ငြိမ်းချမ်းစွာအိပ်စက်နေပြီဖြစ်သည်...

.................................................

Chaeyoung နံနက်စောစော shooting မသွားမီကြိုထကာ ကားပေါ်တွင်လိုအပ်သည့်ပစ္စည်းများထည့်လိုက်သည်... ထို့နောက် Jennie အတွက်နံနက်စာပြင်ဆင်ပေးနေမိသည်...ထွေထွေထူးထူးတော့မဟုတ် ကြက်ဥ half friedနဲ့ ပေါင်မုန့်ထောပတ်သုတ်နှင့် နွားနို့ပူပူလေးတစ်ခွက်ပင်ဖြစ်သည်..
ထွေထွေထူးထူးလည်းသူမလုပ်တတ်ပေ......

Last SnowWhere stories live. Discover now