41

1.6K 157 19
                                    


Chaeyoung ဤရွာသို့ရောက်သည်မှာတစ်ပတ်ခန့်ရှိပြီဖြစ်သည်...
Ritaတို့အဖွဲ့တွင်ဘဆရာဝန်စုစုပေါင်းသူအပါအဝင်၉ယောက်ရှိလေသည်...
Nurseက၅ယောက်ဖြင့်
WHO အသိအမှတ်ပြုထားသည့် ဆေးအဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်...
ယခုဆိုလျှင် အားလုံးနှင့် Chaeyoung ရင်းနှီးနေပြီဖြစ်သည်....

တစ်နေ့လုံးဆေးကုသပေးခဲ့ကြပြီးနောက် ညဘက်တွင် ပျော်ပျော်ပါးပါးဖြင့် ညစာဝိုင်းဖွဲ့စားသောက်နေစဥ်

"Dr. တို့ကယ်ပါဦး... ” ဟုဆိုကာ ကလေးငယ်တစ်ဦးကိုပွေ့ကာ ချီလာသည့်အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်...

သူတို့အားလုံးအလျှင်အမြန်ထလာကြကာ ကလေးအားစမ်းသပ်ပြီး လူနာအခြေအနေမေးသူကမေးနေကြသည်....
"အူအတက်ပေါက်တာထင်တယ်.”တစ်ယောက်က ပြောလိုက်သည်...
ကလေးမှာ နှုတ်ခမ်းများပြာနေသဖြင့် Chaeyoung က

"မဟုတ်ဘူး.. အစာအဆိပ်သင့်တာ...ဘာစားမိသေးလဲမေးကြည့်လိုက်.. အစာအိမ်ဆေးရမယ်...”

"Chaeyoung ငါတို့မှာ ပစ္စည်းကိရိယာကအစာအိမ်​ဆေးလောက်တဲ့အထိမစုံဘူး.....ဖြစ်ပါ့မလား....” Ritaက စိုးရိမ်စွာ ပြောတော့

"ဖြစ်အောင်လုပ်ရတော့မှာဘဲ.... မြို့ကိုသွားဖို့လောက်ထိအချိန်မရဘူး.... ဘယ်နှခေါက်လောက်အန်ထားသေးလဲမေးထားလိုက်... ငါတာဝန်ယူမယ်... Rita. ..နင်အကူလုပ်ပေးမလား...”

Ritaခေါင်းညိမ့်ပြလိုက်သည်....
အားလုံးအလုပ်ရှုပ်ကုန်ကြသည်....
Chaeyoung ခက်ခက်ခဲခဲ ပင် အစာအိမ်ဆေးထုတ်လိုကိနိုင်သဖြင့်ကလေးအသက်ကိုကယ်နိုင်သွားသည်...

ကလေးဖခင်မှာ Chaeyoung တို့အား အကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုနေတော့သည်...

အားလုံးက အခက်အခဲကြားမှ မရှိရှိတာနှင့်ရအောင်ကုသပေးလိုက်နိုင်သည့် Chaeyoung အရည်အချင်းကို အသိအမှတ်ပြုလိုက်ကြသည်..

"ငါတို့ဒီရောက်တာ တစ်လကျော်ပြီ နောက်တစ်ပတ်လောက်ဆို တရုတ်ဘက်ကို သွားကြမယ်....
Chaeyoung နင်ပါလိုက်ခဲ့ရင်သိပ်ကောင်းမှာဘဲ.....” ဟု Ritaကပြောတော့ Chaeyoung ရင်ထဲမှ ဒဏ်ရာကိုမေ့လျော့ထားနိုင်ရန်အတွက်

"အင်းလိုက်မယ်လေ..Rita. .. ငါလည်း ​ရှေ့ဆက်ဘာအစီအစဥ်မှမလုပ်ထားတော့ နင်တို့အဖွဲ့နဲ့ လိုက်ပြီး ဗဟုသုတ ယူရတာပေါ့....”

Last SnowWhere stories live. Discover now