15

1.8K 152 9
                                    

နံနက်မိုးလင်း တော့ Jennie ထမင်းချက်ရန်အတွက်
မျက်လုံးမဖွင့်သေးဘဲ အိပ်မှုန်စုံမွှားဖြင့်ထထိုင်လိုက်သည်....... ထိုအခါမှပင် သူမကိုယ်ပေါ်၌ အဝတ်အစားမရှိနေသည်ကို သတိထားလိုက်မိပြီး စောင်ကို အမြန်ဆွဲ ခြုံလိုက်ရသည်.....,

ထို့နောက် သူမဘေးတွင်အိပ်နေသည့် သူ့ကိုလှမ်းကြည့်လိုက်မိသည်......
သူ၏ဝင်းဖန့်ဖန့်အသားရည်ကို စောင်ကြားမှ တစ်စွန်းတစ်စသူမမြင်လိုက်ရသည်....
တဖန် ကုတင်ခြေရင်းတွင် ပုံနေသော အဝတ်အစားများကို ကြည့်လိုက်ရင်း..

"ညက.......ဘာဖြစ်ခဲ့တာလဲ........ ”သူမတစ်ကိုယ်တည်းတီးတိုးပြောနေမိသည်...... ညကဘာဖြစ်ခဲ့မှန်းသူမမသိ...,. .

"မဟူတ်မှသူ...........သူ.........” မျက်ဝန်းထဲတွင်ဖျက်ခနဲပေါ်လာသည်အတွေးများကြောင့်

"အား........................................” သူမအော်သံကြောင့်သူလန့်နိုးလာကာ.....

"ချာတိတ်........ဘာဖြစ်တာလဲ...........” သူမေးလိုက်တော့

"ရှင်.......... ရှင်................ ညက......... ကျမကို............ ဟိုဒါ........ဟို.....” သူမက စောင်ကလေးကို ခြုံထားရင်းရှက်ရွံ့စွာပြောနေသဖြင့်သူကသူမဆိုလိုချင်တာကို သဘောပေါက်ကာ

"ဟား......ဟား......ဟား....…”

"ဘာရီတာလဲ.......... နှာဘူးရီသံကြီးနဲ့...” သူမကမျက်စောင်းထိုးကာပြောလိုက်တော့သူက

"ချာတိတ် မင်းတွေးနေသလိုမဟူတ်ဘူး........ ညက မင်းဖျားပြီး ချမ်းတယ်ပြောနေလို့ ကိုယ်ကအကောင်းနဲ့လည်း ရင်ငွေ့ပေးရသေးတာကို....”

"ဟုတ်လို့လား.............. ရှင်မလိမ်နဲ့နော်............. ”
သူမက မယုံသလိုပြောနေသဖြင့် သူကသူမနားသို့တိုးကပ်သွားပြီး

"ရော်.......... ခက်ပါလား........ ချာတိတ်ရယ်.......... ကိုယ်သာမင်းတွေးသလိုလုပ်မယ်ဆိုရင်....... မင်းဒီမနက်ထထိုင်နိုင်မလားလို့.........” သူ့စကားသူမရှက်သွေးဖြာကာမျက်နှာလေးများရဲလာကာသူ့ကိုယ်ကိုတွန်းဖယ်လိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်သွားလေတော့သည်......

Chaeyoung က ရှက်သွေးဖြာသွားတဲ့သူမပုံလေးကိုကြည့်ရင်း

"ဟား.........ဟား......ဟား.......” အော်ရီနေမိသည်......... ရီနေရင်း ညက သူမ၏ ဖွံထွားပြေပြစ်တဲ့ပုံစံလေးကို မြင်ယောင်မိသဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ အဝတ်အစားများကို ကမန်းကတန်း လဲကာ သူမအတွက် နံနက်စာ ပြင်ပေးရန် အခန်းအပြင်ထွက်ခဲ့လေသည်.....

Last SnowOnde histórias criam vida. Descubra agora