Part 29 (Z&U)

2.5K 163 10
                                    

မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၂၉ (Z&U)

ဝမ် ပါးပါး အိပ်ပျော်သွားတာသေချာတော့မှ ရိပေါ်ရဲ့သက်ဆိုင်သူလေးဟာ ယုန်မျက်လုံးအိမ် ကျယ်ကျယ်တို့နဲ့အတူ ခြေလှမ်းကိုဖွနင်းလို့ ဆေးရုံ အခန်းတံခါးကို ဟကာ ဆေးရုံ ကော်ရတာ တစ်လျှောက် တစ်ဖက်စီ တစ်ဖက်စီကို ခေါင်းလည်အောင် အသေအချာ စပ်စု ကြည့်ရှုပြီးမှ အခန်းထဲ ပြန်ဝင်ခဲ့တယ်

လူနာစောင့် ကုတင်ပေါ်ရှိ ခေါင်းအုံးနှစ်လုံးနဲ့ ခပ်ပွပွဖြစ်နေတဲ့ စောင်ထူထူကြားထဲ ဖွက်ထားသော မိမိအကြိုက် အာလူးကြော်အစပ်ထုပ်ကို ခပ်သွက်သွက် ထုပ်ယူလို့ ဆိုဖာပေါ်တကျတန ပြန်ထိုင်ကာ ခပ်မြန်မြန်စားဖို့ ရိပေါ်ရဲ့ ယုန်ဆိုးလေးက အကောင်အထည်ဖော်တော့တယ် ဝမ်သခင်ကြီးက အိပ်ပျော်နေဆဲ

" ဂျွတ် ဂျွတ် ''

အသစ်ထုတ်မယ့် laptop အတွက် နည်းပညာပိုင်းဆိုင်ရာ ဒီဇိုင်းဆိုင်ရာတွေကို အကြိမ်ကြိမ် ဆွေးနွေနေကျတဲ့ အစည်းအဝေးခန်းကြီးက လိုအပ်တာထပ် ပို၍ အေးစက်နေခဲ့တယ် ceo ကြီးဟာ ခပ်မြန်မြန် မပြီးတဲ့ အစည်းအဝေးကြောင့် ဒေါသ ထွက်နေခဲ့တယ်

-----------------------------------------------------

ချန် '' ကိုကို ကလေး ပါး အခန်းထဲ ပြန်ဦးမယ် ငမွှေထိုးက အစပ်တွေ ခိုးစားချင်စားနေမှာ ဗိုက်အောင့်ကာမှအောင့်ရော ''

ဟိုက်ခွမ်း '' သွားလေ ကလေး ကိုကို က duty ပီးဖို့ အချိန်နည်းနည်းကျန်သေးတယ် ပီးမှ လိုက်လာမယ်''

ခွဲစိတ်ခန်းက အတူထွက်လာတဲ့ ချန်နဲ့ဟိုက်ခွမ်းက အတူတူ ယှဉ်တွဲကာ စကားတပြောပြောနဲ့ လျှောက်လှမ်းလာကြတယ်

" မွ ''

ပထမထပ် လူနာအဆောင်များဘတ်ကို သွားမယ့် ချန်က ဟိုက်ခွမ်း ပါးကို ခုန်နမ်းလို့ လျှာလေးထုတ်၍ ဇက်ကလေးပုပြကာ ပန်းရောင်နုနုပြေးတဲ့ မျက်နှာကလေးနဲ့ ခပ်သွက်သွက်လျောက်ရင်း ဟိုက်ခွမ်းကို ကျောခိုင်းသွားခဲ့တယ်

အနီးအနားရှိ သူနာပြုများက တဝါးဝါး လှုပ်ရင်း အားပေးသည့်တိုင် ကြောင်အန်းနေဆဲ ဟိုက်ခွမ်းက ချန် ရဲ့လုပ်ရပ်ကို အကြီးအကျယ်သဘောကျ၍ ပီတိဖြာနေရှာတယ် ချန်က ယခုလိုလုပ်ရပ်မျိုးကို လုပ်ခဲသည်မဟုတ်ပါလား

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now