part 37 (Z&U)

1.7K 142 15
                                    


မောင့် သက်ဆိုင်သူက * ကော *

အပိုင်း ၃၇ (Z&U)

အခန်းထဲမှာ အားယား မှောက်ပြီး အိပ်ပျော်နေတဲ့ ရှောင်ကျန့်က တစ်လောကလုံးကို မေ့လျော့ပြီး နှစ်ခြိုက်စွာ အိပ်စက်နေခဲ့တယ် ရိပေါ်ကတော့ ဖုန်းတစ်လုံးနဲ့အတူ laptop နဲ့ အလုပ်ရှုပ်နေခဲ့တယ် အရာရာဟာ လှပ တင့်တယ်နေဖို့လိုတယ်

ကန်ချ ခံလိုက်ရတဲ့ ဂွမ်းစောင်အနီကြီးက ကြမ်းပြင်ပေါ် သုံးကြိမ်မြှောက် ပုံကျသွားပြန်တယ် အားယားမှောက်မှ ဘေးတစောင်းရွှေ့ရင်း လူးလဲ အိပ်နေဆဲ ရှောင်ကျန့်က တိုးဝင်နေကျ ရင်ခွင်ထဲသို့ ရောက်လုနီး ရောက်လုနီး မှန်းရင်း ကုတင်ခေါင်းရင်းကို ကျောမှီကာ ခြေစင်းထိုင်နေတဲ့ ရိပေါ်နားရောက်လာတယ် ရိပေါ်ရဲ့ ခါးကို လက်တစ်ဖက်နဲ့ ဖက်ထားရင်း ငြိမ်သက်သွားတဲ့ ရိပေါ်ရဲ့ သက်ဆိုင်သူလေးဟာ ချစ်စဖွယ်ပင် အကယ်၍ ကုတင်စွန်းမှာ ရိပေါ်သာ ထိုင်မနေရင် သက်ဆိုင်သူလေးဟာ ကုတင်အောက်သို့ ပြုတ်ကျမည့် အလားအလာ ရှိနေခဲ့တယ် 

အဖက်ခံထားရတာကြောင့် ကြမ်းပြင်ပေါ်ကျနေတဲ့ စောင်ကို ထယူမယ့် ရိပေါ်ဟာ ပုံစံမပျက် ဆက်ထိုင်နေရတယ်

" ဂျီ ဂျီ ''

ရိပေါ် '' အင်း ပန်းက အဖြူ လေ ခင်းမဲ့ ကောဇောကလည်း အဖြူပဲ ခင်းပေးထား အင်း ပုံကျတယ် Ge Ge လည်း နားလိုက်ဦး ညကျ ဧည့်ခံပေးရမှာ ပိုပင်ပန်းမှာ အင်း ဖုန်းချလိုက်မယ်နော် ''

ဘေးတစ်စောင်းလှဲချထားသည်မို့ စူ နေသော နှုတ်ခမ်းပါးလေးဟာ သိသိသာသာ အရှေ့ထွက်နေခဲ့တယ် ဖြူ ဥ သော ပါးကလေးဟာ သွေးကြောစိမ်းမျှင် သေးသေးကလေးများကို ရေတွက်လို့ရနိုင်တယ် အပြင်မထွက်ရဘဲ ဆေးရုံ နဲ့တိုက်ခန်း မှာပဲ ပုန်းအောင်းနေရတဲ့ ရိပေါ်ရဲ့ သက်ဆိုင်သူလေးဟာ ဖြူ နုဥဖတ်နေတယ်
၂၉ နှစ်ဆိုသည့် သက်ဆိုင်သူလေးက မယုံနိုင်လောက်အောင် နုနယ်လွန်းနေတယ် တရားဝင်ပိုင်ဆိုင်ရတော့မည်မှာ အိမ်မက်တစ်ခု ဖြစ်နေမှာ စိုးမိရတယ်

နယ်လွန်နေသော အတွေးတို့မှာ ဖျက်ဖျက်လူးလာတဲ့ မျက်တောင် ကလေးများကြောင့် ကိုယ်နဲ့ထပ်တူ ပြန်လည်သတိကပ် လာခဲ့တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now