part 11 (Z&U)

3.8K 248 5
                                    

မောင့် သက်ဆိုင်သူက* ကော*

အပိုင်း ၁၁ (Z&U)

ပစ္စပ္ပုန် ကာလ ပြန်ရောက်ခဲ့ပီ

အစိမ်းရောင်သုတ်ထားတဲ့ မောင့်အခန်းလေးက အေးချမ်းလိုက်တာ ဘာအပြင်အဆင်မှမရှိပဲ ရှင်းလင်းတဲ့ အခန်းကြောင့် ရှောင်ကျန့်မှာ တစ်ခုခုလိုနေသလိုခံစားနေရပြန်တယ် ကုတင်ပေါ်မှာ အိပ်စက်နေတဲ့
မောင်မျက်နှာလေးက အနည်းငယ်ဖြူလျော့နေပေမယ့် ကြည့်ကောင်းနေဆဲပဲ မောင့်နဖူး ကို အနမ်းခိုးပေးလို့ ခြေပြန်လှမ်းတော့ အေးစက်စက်လက်တစ်စုံက အနားမှ မသွားနိုင်အောင် ဆွဲထားခဲ့တယ်

' မောင်နိုးသွားလား ငါခိုးနမ်းတာ မောင်သိသွားသလား '

တံတွေးတစ်ချက်မျို ချတဲ့ ရှောင်ကျန့်က ကြောက်စိတ်ကြီးစိုးကာ နောက်မလှည့်ကြည့်ရဲခဲ့ပေ အကယ်၍များ
မေးခဲ့ရင် ' ကော ခြေချော်သွားတာပါ မောင်'

ရှောင်ကျန့် '' မား မား..... '' '' အ အာ့ မား.........''

ရုတ်ရက် ထ ထိုင်လာတဲ့ကုတင်ပေါ်က ဖြူ ဖတ်ဖြူ လျောတဲ့အသားအရေနဲ့ လူသားက အားအပြည့်ရှိတဲ့ လက်တစ်ဖက်နဲ့ ရှောင်ကျန့်ကို ကုတင်ပေါ်ပစ်ကျအောင် ဆွဲချခဲ့တယ် အလန့်လန့်အဖြန့်ဖြန့် ဖြစ်ရတဲ့ ယုန်လေးက ရိပေါ်လှဲနေရာ ဘေးကို သိမ့်ကနဲ ပစ်ကျရင်း တစောင်းအနေအထားမှာရှိတယ် ရှည်လျားတဲ့ ခြေထောက်နှစ်ဖက်ဟာ မောင့် ပေါင့်ပေါ်မှာ ရှုပ်ရှုပ်ရှက်ရှက် ကျရောက်နေခဲ့တယ် အေးစက်တဲ့လူသားက ထိုင်နေရာမှ အိပ်ယာပေါ်ပြန် လဲချကာ ဘေးနားမှာရှိနေဆဲ မျက်လုံးဝိုင်းနဲ့ကြည့်နေတဲ့ ယုန်လေးကို ရင်ခွင်ထဲ ဆွဲထည့်လို့ အိပ်စေတယ်

ရှောင်ကျန့် '' ရိ..အဲ boss ''
ရိပေါ် '' အိပ်ရအောင် ''

တစ်ဖန်ပြန်မှေးစက်သွားတဲ့ ရိပေါ်ရဲ့လက်က ရှောင်ကျန့်တစ်ချက်မလှုပ်နိုင်အောင် ချူပ်ထားသလိုပဲ ရိပေါ်ရဲ့ ပေါင်ပေါ်ရောက်ရှိနေတဲ့ ရှည်လျားတဲ့ ယုန်လေးရဲ့ ခြေထောက်တွေကို နေရာရွေ့ဖို့ ယုန်လေးကကြိုးစားတော့ ယုန်လေးကိုဖက်တွယ်ထားတဲ့ရိပေါ်ရဲ့လက်တွေဟာ ပိုတင်းကြပ်လာသည်မို့ ယုန်လေးမှာ မလှုပ်နိုင်ပဲ အချိန်အနည်းငယ်ကြာလာတော့ လေးလံလာတဲ့ မျက်ခွံတွေကိုပိတ်ပစ်ရင်း အိပ်စက်လိုက်ရတယ် တိုးဝှေ့နေရတဲ့ ရိပေါ်ရဲ့ ရင်ခွင်ကြီးက နွေးထွေးလွန်းနေခဲ့ပြန်တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now