part 10 (Z&U)

3.9K 238 4
                                    

မောင့် သက်ဆိုင်သူက * ​ကော*

အပိုင်း ၁၀ (Z&U)

ဝမ် စံအိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲမှ လူနှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ထိုင်နေပီး ရာသီဥတု အခြေအနေက စစ်အေးတိုက်ပွဲလိုဖြစ်နေတယ်

ဝမ်သခင်မ '' ယန်ချင်းလန် နဲ့ လက်ထပ်ရမယ်သား ''
ရိပေါ် '' သား မှာချစ်သူရှိတာ မားမားသိတယ်မလား''

မျက်ခုံး ပင့်သွားတဲ့ဝမ်သခင်မက ပြင်ဆင်မွန်းမံထားသည်မှာ လိုအပ်တာထက် ပိုနေခဲ့တယ် ရိပေါ်ဟာ
မားမား လို့ ခေါ်တိုင်းနာကျင်နေတဲ့ စိတ်အစုံကို မျက်ကွယ်ပြုရင်း အောင့်အင်း သည်းခံနေရတယ်
သက်သေ မပြည့်စုံသေးဘူးမလား

ဝမ်သခင်မ '' မသိဘူး ''

မာန်လျော့ထားဟန် မသိစကားဆိုတဲ့ ဝမ်သခင်မကိုကြည့်ုပြီး ရိပေါ်မျက်နှာတစ်ချက်မဲ့လိုက်တယ် သူသွားလေရာ နောက်မှာအမြဲပါတတ်တဲ့ လူတစ်​ယောက်စ နှစ်ယောက်စက ဘယ်သူ့လက်ပါးစေတွေလဲ အသိသာကြီးပဲ ရိပေါ်ကို ခပ်တုံးတုံးထင်နေတာပဲ

ရိပေါ် '' ခု သိပီမလား မားမားရဲ့ စကားပြန်ပြင်လိုက်ပေါ့ သား ချစ်သူနဲ့ပဲလက်ထပ်မှာ ''
ဝမ်သခင်မ '' ငါ စကားလွန်ပီးပီး ''
ရိပေါ် '' ဒါဆို သားငြင်းပေးမယ် ဟုတ်ပီလား ''
ဝမ်သခင် '' ချင်းလန် လေးနဲ့ပဲ သားကို ယူစေချင်တယ် သူမနဲ့ပဲ သဘောတူတယ် ကျန်တဲ့လူနဲ့ ငါသဘောမတူဘူး ရိပေါ် ''

ဒေါသအမြဲရှေ့ထားတဲ့ ဝမ်သခင်မက ဘယ်တုန်းကမှ ဒေါသစိတ်ကိုမထိန်းနိုင်ဘူး ဘယ်လောက်ဖုံးဖိထား ခဏလေးအတွင်းမှာပဲ ဒေါသစိတ်လွှမ်းကာ
စိတ်ရင်းအမှန်နဲ့ ဒေါသအလျောက် အော်ဟစ်ပြောဆိုကာ ကြမ်းတမ်းတဲ့အပြုအမူတွေပြု လုပ်တတ်တယ်
'ချန်' နဲ့တုန်းက အပြုအမူတွေလိုမျိုးပေါ့

ရိပေါ် '' သား ချစ်သူက ယန်ချင်းလန်မဟုတ်ဘူး အဲ့တော့ သားကလည်း မယူနိုင်ဘူး မားမား ယန်ချင်းလန်မှမဟုတ်ဘူးနော် သားချစ်သူမဟုတ်တဲ့ ဘယ်သူ့ကိုမှ မယူနိုင်ဘူး ''

ယတိပြတ် အငြင်းစကားဆိုလိုက်တဲ့ရိပေါ်က ထိုင်ရာမှ ထကာ အိမ်အပေါ်ထပ်ကို တတ်သွားခဲ့တယ်
ထပ်စကားပြောနေရမယ်ဆိုရင် ရိပေါ်လည်းစိတ်ထိန်းမှာ မဟုတ်ပါဘူး ၉ နှစ်အရွှယ် ယောကျာ်းလေးတစ်ယောက်က အစားထိုးဟန်ဆောင်တဲ့ မိန်းမတစ်ယောက်ရဲ့ ကြိုးဆွဲရာကို အလဲလဲ အကွဲကွဲ ယိုင်နဲ့ကာ
လိုက်ကခဲ့ရတယ် ဒီ့ထက်ပိုပီး ရိပေါ်က ဟန်ဆောင်အချို မသတ်ချင်တော့ဘူး မလိုလားသူတွေ ချစ်ရသူတွေ နစ်နာထိခိုက်သွားမှာစိုးလို့ သက်သေအပြည့်အစုံနဲ့မှ ငြင်းမရနိုင်အောင်ပြုလုပ်ပီး ရှေ့ဆက်ရမှာဖြစ်တယ် မဆိုနိုင်ဘူးလေ သွေးမအေးတဲ့ မိန်းမတစ်ယောက်က ဆူလွယ် တောက်လွယ်တဲ့ မီးလိုဒေါသနဲ့ နောက်ထပ် တစ်စုံတစ်ယောက်ကို ထိခိုက်အောင် မလုပ်တော့ဘူးဆိုတာ မသေချာဘူး

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now