part 19 (Z&U)

3.4K 207 5
                                    

မောင့် သက်ဆိုင်သူ * ကော *

အပိုင်း ၁၉ (Z&U)

ခပ်ရိုရိုပဲ

ရိပေါ် '' ကော မောင့်ကိုစောင့်ပါဦး''

company ရှေ့ကား ရပ်သည်နှင့် ရိပေါ်ကိုမစောင့်ဘဲ အတင်း company ထဲဝင်သွားတဲ့ချစ်ရသူကြောင့် ကိုယ်တိုင် ကားမောင်းလာရတဲ့ ရိပေါ်က ကားသော့ကို ကားပါကင်ထိုးပေးရန်အတွက်  အသင့်လာစောင့်သော ဝန်ထမ်းလက်ထဲအား ပီးစလွယ်သာ ထိုးထည့်ပေးလိုက်ရင်း အဆိုးလေးနောက် အပြေးလိုက်ရတယ် ရိပေါ်ရဲ့ ရုံးအိတ်ကလေးက ကားထဲမှာအခန့်သားရှိနေခဲ့တယ် ပြေးသွားတဲ့ ceo ကို တစ်လှည့် ဟလျက် ကားတံခါးကနေမြင်ရတဲ့ ရုံးအိတ်ကိုတစ်လှည့် ကားသော့ကို တစ်လှည့်  ချာလည်အောင် ခေါင်းလည်ပီး ရပ်ကြည့်နေတဲ့ ဝန်ထမ်းလေးဟာ ကြောင်အအ

' ဟိုင်း ငါက ဂျူ နီယာ  အလုပ်သင်လေးပါ စီနီယာ တွေအနိုင်ကျင့်လို့ ကောဖီထွက်ဝယ်တာရတာလေ ဘယ်နှယ့်ကြောင့် ceo က ငါ့လက်ထဲ ကားသော့ပေးသွားရတာလည်း ငါခိုးပြီးပြေးလိုက်ရမလား '

အဲ့အချိန်မှာပဲ အလုပ်သင်လေးဟာ ceo ရဲ့အတွင်းရေးမှူးလေးကို မြင်လိုက်ရတော့ သဲကန္တာရမှာ သောက်ရေအိုင် တွေ့လိုက်ရတဲ့လူလို ဝင်းလဲ့တဲ့အပြုံးမျိုးနဲ့
အတွင်းရေးမှူးလေးအနား အပြေး ကပ်သွားတယ်

' ကျွန်တော့်ကို ကယ်ပါဦးဗျာ ကျူ မီးငှါး '

---------------------------------

ရိပေါ် '' ကောလို့ ''

Company ရဲ့ အောက်ထပ်အလယ်မှာ အဆိုးလေးကို မှီသွားတဲ့ရိပေါ်ဟာ ချစ်ရသူရဲ့ လက်တစ်ဖက်ကို ဆွဲကိုင်ထားလိုက်တယ် ဖြတ်သွား ဖြတ်လာ ဝန်ထမ်းလေးတွေဟာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြတယ် ဒါမျိုးကိုမြင်ရဲ့သားနဲ့မှ မကြည့်ရင် ငါတို့ ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပစ်မယ်

ရှောင်ကျန့််  '' မင်္ဂလာ နံနက်ခင်းပါ boss ''

ရိပေါ်ကိုင်ထားတဲ့ လက်ကို အတင်းခါပစ်တဲ့ ရှောင်ကျန့်က ရိပေါ်ကို အတည်စိတ်ဆိုးနေတယ် ကျန်းအိမ်တော်က ထွက်လာသည်အထိ အကောင်းသားကြီးမှ company ရှေ့မှ ဖောက်လွဲဖောက်ပြန် အနီရောင် အဆင့်ဖြစ်သွားတဲ့ ရာသီဥတု လေးရဲ့ မုန်တိုင်း အခြေအနေကို ceoကြီး က လက်မြှောက်လို့အရှုံးပေးလိုက်တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now