part 35 (Z&U)

2.1K 138 22
                                    

မောင့် သက်ဆိုင်သူက * ကော *

အပိုင်း ၃၅ (Z&U)

ဧည့်ခန်းရဲ့ ကြမ်းပြင်ပေါ် ဆင်းထိုင်နေတဲ့ ရှောင်ကျန့်ရဲ့ လက်ထဲမှာ ချယ်ရီသီး လေးငါးလုံး ထည့်ထားသော ရေခဲမုန့် ခွက်ကြီးကြီးတစ်ခုရှိနေတယ် ယုန်မျက်သွယ်စွန်းတွေကတော့ မလှုံမလဲနှင့် လှမ်းမြင်နေရသော ယုန်ရုပ်ကပ်ထားတဲ့ အခန်းတံခါးလေးကို ပြူ ပြူးကြည့်နေရတာ အမောပါပဲ လက်ထဲမှ ဇွန်းဟာ ရေခဲမုန့်ကို တစ်လုပ်ပီးတစ်လုပ်မပြန်လပ်စေရ သက်ဆိုင်သူလေးဟာ ရေခဲမုန့်ခိုးစားနေခြင်းပါ

" ဂျောက် ''

အဖြူရောင် တံခါးလေးဟာ ပွင့်ဟလာတယ် ရေစက်လက်နဲ့ ထွက်လာတဲ့ ရိပေါ်က အောက်ပိုင်းကို တပတ်သာပတ်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဝတ်ကင်းမဲ့ထားလျက် ရေစိုနေတဲ့ ဆံနွယ်တွေဟာ အပေါ်ကို လှန်တင်ထားခံရပြီး ယောကျာ်းပီသသော အသွင်အပြင်နဲ့ ခါးထောက်၍ ရှောင်ကျန့်ကို ရပ်ကြည့်တဲ့ရိပေါ်က သက်ပြင်းချတယ် နည်းနည်းမှ အလစ်ပေးလို့မရသော ခပ်ဆိုးဆိုးယုန်

ရှောင်ကျန့် '' အဟွတ် အဟွတ် ''

ရေခဲမုန့်ခွက်ထဲ နစ်ထားတဲ့ ဇွန်းကို ကိုင်ထားတဲ့ ရှောင်ကျန့်ရဲ့လက်ကလေးက တုန်ရီလာတယ် တလှပ်လှပ် ခုန်လာသော နှလုံးသားက မူမမှန်လျက်ပင် ကခုန်မြူးထူးတယ် အဆီမရှိသော ဝမ်းဗိုက် ကြွက်သားတွေကို မိနစ်အတော်ကြာ ငေးကြည့်မိပြီးမှ အကြည့်လွှဲလိုက်တဲ့ ရှောင်ကျန့်ရဲ့ နားရွှက်ဖျားကလေးတွေဟာ နီရဲသွားခဲ့တယ် ရေစက်လက်နဲ့ ချစ်ရသူ မောင်က ယုန်ဆိုးလေးရဲ့ ရှက်ဖျာမှုကို ရပ်ကြည့်နေဆဲ

ရိပေါ် '' မောင် အလစ်မပေးရဲဘူး ကောက နောက်ဆို ဘယ်နားသွားသွား ခေါ်သွားရမယ် ''
ရှောင်ကျန့် '' အဟီး အဟွတ် ဟွတ် ''

သုံးခွက်မြှောက်ဖြစ်နေသော ရေခဲမုန့်ရယ်နဲ့ရိပေါ်ရဲ့ ဆွဲဆောင်မှု သွင်ပြင်ကြောင့် ရေခဲမုန့်သီးရတဲ့ ရှောင်ကျန့်က မချိတင်ကဲလေး သာ ရိပေါ်ကိုရယ်ပြမိတယ် အင်္ကျီအရင်သွားဝတ်ပါလား မောင်ရယ်

အနီးနားကိုရောက်လာပီး ပေပွနေသော ရေခဲမုန့်တွေကို သုတ်ပေးတဲ့ ရိပေါ်က ရှောင်ကျန့်ရဲ့ ကျောပြင်ကိုလည်း လက်နဲ့ ဖိကာ ကျောပြင်တစ်လျောက် ထိတွေ့တယ် ရိပေါ်ရဲ့ မေးရိုးမှ စီးဆင်းလာသော ရေစက်ကလေးများက ရှောင်ကျန့်ရဲ့ နှာတံနဲ့ ပါးတစ်ဖက်ကို ကျရောက်လာတယ် အထိအတွေ့တွေက အေးပေမယ့်နွေးထွေးလှိုက်ဖိုရင်မောစေရပြန်တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now