part 2 (Z&U)

5.6K 428 5
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၂ (Z&U)

သွေးကြောစိမ်းတွေ မြင်နေရတဲ့ မောင့်ရဲ့ဖြူ ဥဥ လက်တစ်စုံက ကွန်ပျူ တာပေါ်မှာ ပြေးလွှားနေခဲ့တယ် အရင်လို လိုတာမရရင်' ကောကလည်း ဗျာ' လို့ ချွဲတတ်တဲ့ မောင့်ကိုပြန်လိုချင်သေးတယ် မောင်ရယ် ကောက ရှေ့တိုးရတော့မလား အနီးကပ်ငေးကြည့်နေယုံလေး အဆင်ပြေမယ်ထင်ခဲ့ပေမယ့် နီးကပ်လွန်းတဲ့အခါ မောင့်ကို လောဘကြီးလာမိတယ် အခက်အခဲတွေနဲ့ မောင့်ဘေးနားမှာ အားပေးရင်း အတူရင်ဆိုင်ချင်ပေမယ့် မောင်က မမှတ်မိလေတော့ ကော ဘယ်အရပ်က စရမလဲ

ခြစ်ရာကွေးကွေးကောက်ကောက်တွေ အပ်ကြောင်းထပ်နေတဲ့ အဖြူရောင်စာရွှက်လေးဟာ မှင်ရောင်ပင် ပေါက်တော့မယ် ငေးငိုင်နေတဲ့ လူသားက တစ်စုံတစ်ခုကို ဝေခွဲရခက်နေသလိုပဲ မကြာခဏ ကျွန်တော့်ကို ခိုးကြည့်တတ်တဲ့ ဒီလူသားက ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုတွေကို ဖမ်းစားနိုင်ခဲ့တယ်

ကျွန်တော့်ရုံးခန်းထဲ သူရောက်နေတာ နေ့တစ်ပိုင်းသာသာ ပင်ရှိပါသေးတယ် အားမရှိတဲ့ ထိုလူ
သားရဲ့ သေးသွယ်တဲ့ ကိုယ်လေးကို ထွေးပွေ့နှစ်သိမ့်ပစ်ချင်စိတ်တွေကို ထိန်းချူပ်ရတာလည်း ခက်ခဲလိုက်တာ ဖြစ်နိုင်နိုင် မဖြစ်နိုင်နိုင် အနည်းဆုံးတော့ အခုလိုအခွင့်အရေးမျိုးမှာ ခင်ဗျား ပြောပြသင့်တယ်

ခင်ဗျားက တကယ်ပဲ အားငယ်တတ်တဲ့ ယုန်လေးပဲ
ရှောင်ကျန့်

ရိပေါ် '' အပြင်လိုက်မလား ''

ကျွန်တော့် စားပွဲခုံကို လက်နဲ့ခေါက်မေးတဲ့ မောင်က တစ်စုံတစ်ခုကို မျက်မှောင်ကြုံ့ကြည့်တယ်

ရှောင်ကျန့် '' ဗျာ ''
ရိပေါ် '' ခင်ဗျားကြည့်ရတာ ဘာအာရုံမှ မရဘူး ထင်တယ် ကျွန်တော် အပြင်ခဏသွားမလို့ လိုက်မလား အာရုံ အလွဲအပြောင်းဖြစ်အောင် ''

မှင်နီတားခံနေရတဲ့ အပြစ်သားလေးဟာ ceo ရှေ့မှာ အာရုံစိုက်မှုမရှိဘဲ လုပ်ချင်ရာ လုပ်ချင်နေတာတောင်
ceo က အပြင်သွားဖို့ခေါ်နေပြန်တယ်

မသိမသာနဲ့အခွင့်အရေးတွေပေးနေလည်း တုံးလွန်းတဲ့ ယုန်လေးက အားငယ်နေတုန်းပဲ

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now