part 24 (Z&U)

2.6K 170 6
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၂၄ (Z&U)

ရုံးသွားတော့မယ့် ရိပေါ်ကို ရှောင်ကျန့် အသေအချာ ပြင်ဆင်ပြီး အင်္ကျီဝတ်ပေးနေခဲ့တယ် နက်ခတိုင် ကို အလွဲလွဲအချော်ချော် ချည်ပေးနေသော ရိပေါ်ရဲ့ သက်ဆိုင်သူလေးကြောင့် အနက်ပေါ်မှာ အဖြူ နှင်းစက်သဏ္ဌာန် အစက်အစက် ရှိနေတဲ့ နက်ခတိုင်လေးမှာ ရှောင်ကျန့်လက်ထဲ တွန့်ကြေကာ ပုံမလှ ဖြစ်နေခဲ့တယ် ဆေးရုံထိ လာ ရိုနေပါသော အနှီးလင်လင် နှစ်ယောက်ကို ချန် ဘေးနားရှိ အောက်ဆီဂျင်ဘူးနဲ့ ကောက်ပေါက်ချင်လာတယ် အရေးတကြီး အလုပ်ကိစ္စကြောင့် အလုပ်သွားမယ့်ရိပေါ်ကလည်း ကလေးမဟုတ်သော ယုန်အကိုကို မှာကြားလို့ မပြီးနိုင်ဖြစ်နေတယ်   ကိုယ့် duty ချိန်မဟုတ်ပဲ ဟိုက်ခွမ်းရဲ့ duty ချိန်နဲ့အတူ တစ်လက်စတည်းပါလာသော ချန်က ဝမ်သခင်ကြီးကို လာစောင့်ပေးခဲ့တယ် ခုတော့ လင်လင်နှစ်ယောက်ရဲ့ ရိုတာကို ထိုင်ကြည့်နေရတဲ့ ချန့် အဖြစ်က လွယ်ကူမနေပါဘူး

ချန် '' မင်းတို့ နှစ်ယောက် လူချင်းမခွဲသေးဘူးလား''

ကုတင်းနှစ်လုံးရဲ့ ခြေရင်းမှာ စားပွဲခုံအပုနဲ့ ထိုင်စရာ ဆိုဖာတွေရှိတယ် သုံးယောက်ထိုင် ဆိုဖာ ပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ ချန်က မျက်စိကိုစုံမှိတ်လို့ မတိုးမကျယ် အသံနဲ့ အော်ပြောတယ်

အနှီးနှစ်ယောက်က ကြားတောင်ကြားမယ်မထင်ပါဘူး ချန်ဟာ လေ ပဲ

ရိပေါ် '' အစည်းအဝေးပီးတာနဲ့ ပြန်လာလို့မရသေးဘူး ဒီဇိုင်းဘတ်မှာ ငြိမ်နေပေမယ့် နည်းပညာဘတ်မှာ ပြသနာ နည်းနည်းရှိတယ် ပြည်ပက နည်းပညာနဲ့ ပူးပေါင်းမှာဆိုတော့ မောင် ဟိုတစ်ခါပြောတဲ့
ဂျပန်က လူလေ မှတ်မိလား ''

ရိပေါ် အပြန်ကို ဘာမုန့်မှာရမလဲ စဉ်းစားနေတဲ့ ရိပေါ်ရဲ့သက်ဆိုင်သူလေးဟာ ရိပေါ်ရဲ့အမေးကြောင့်
ပေကလပ် ပေကလပ် ဖြစ်သွားတဲ့ မျက်ဝန်းတွေနဲ့ ရိပေါ်ကို ပြူးကြည့်နေတယ် ရယ်ကျဲကျဲနဲ့ မသိကြောင်းကို ရှက်ရှက်နဲ့ပဲ ခေါင်းခါပြလိုက်တယ် ရှောင်ကျန့်ဟာ ရိပေါ်အကြောင်းကလွဲရင် ဘာကိုမှ ဂရုတစိုက် မှတ်မထား တတ်တာ ရှောင်ကျန့်ပဲသိတယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now