part 33 (Z&U)

2.3K 149 6
                                    

မောင့် သက်ဆိုင်သူက * ကော *

အပိုင်း ၃၃ (Z&U)

အလင်းရေးရေးရှိသော အခန်းထဲမှာ လူတစ်ဦးရှိနေတယ် မျက်နှာထက်၌ ဒဏ်ရာဗလပွနဲ့ ထိုလူဟာ မျက်ထောင့်နီလျက် ရိပေါ်ကိုကြည့်လာတယ်

အေးစက်တောင့်ခဲသွားနိုင်သော အငွေ့အသက်တို့ဖြစ်ပေါ်တည်ရှိလာသောအခါ ထိုအခန်းထဲရှိ ဟောက်ရွှမ်းက ခပ်မြန်မြန် အခန်းထဲမှ ထွက်သွားတယ်

' ဝမ်ရေခဲတောင်ကလည်း ဆောင်းတွင်းတောင် သူ့ဘေးနား နေသလောက်အေးမှာ မဟုတ်ဘူး မိုးရွှာနေလို့ပိုအေးနေတာများလား '

လေငြိမ်လျက် သဲသဲမဲမဲ ရွှာချလာသော မိုးရေစက်တို့က နေရာအနှံ့ကြီးစိုးလျက်ရှိကြတယ် အသံသဲသဲ ကြားလာရတဲ့ရိပေါ်က အားပြင်းတဲ့မိုးရေစက်တွေကြောင့် မျက်မှောင်ကြုံ့သွားတယ်

အဆိုးလေးဟာ နေသိပ်ကောင်းသေးတာမဟုတ်ပေ

ရိပေါ် '' လူတွေက ကိုယ်ချစ်တဲ့သူအတွက် အမြဲကာကွယ်ပေးကြတယ် ဒါက လက်စားချေယုံသက်သက်လား ''

ထိုလူ '' ငါပြုစု ပျိုးထောင်ထားတဲ့ ပန်းတစ်ပွင့်က မင်းလက်ချက်ကြောင့် အရှက်တကွဲအကျိုးနည်း လမ်းဘေးမှာ မရှုမလှ ကားမှောက် သေပေးလိုက်ရတာ ငါလက်စားချေတာ မမှားဘူး ''

ရိပေါ် '' ပန်းက ပန်းနဲ့တူညီစွာ ပနံတင့်ပြီးရနံ့သင်းပျံ့နေခဲ့တာ သေချာလို့လား ''

ထိုလူ '' မင်း ''

ရိပေါ် '' ခင်ဗျားသိပါတယ် ခင်ဗျားလည်းပဲ အမှောင်စိတ်တွေကြီးစိုးခဲ့ပေကိုး ''

"ဂျောက် ''

မောင်းတင်လိုက်တဲ့ ပစ်စတိုသေနတ်ကလေးဟာ ရိပေါ်လက်ထံမှာ အရံသင့်ရှိနေခဲ့တယ်

ရိပေါ် '' နောင်တဆိုတာ ဘာလဲ ခင်ဗျားက သိမှာမဟုတ်ဘူး''

ထိုလူ '' မင်း!''

ခေတ္တမျှ တိတ်ဆိတ်သွားပြန်တဲ့ ထိုအခန်းမှာ ရိပေါ်က တစ်ဖက်လူကြီးရဲ့ ကြောက်ရွံ့မှုကို အဆုံးစွန်ထိစောင့်ကြည့်ခဲ့တယ်

" ဒိုင်း ''

"ဒိုင်း ''

" အား ''

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now