part 18 (Z&U)

3.5K 218 7
                                    

မောင့် သက်ဆိုင်သူ *ကော*

အပိုင်း ၁၈ (Z&U)

ရှောင်ကျန့် '' ကျေးဇူးတင်ပါတယ် မေ့ရှင်း အဲ့တုန်းက မပြောလိုက်ရဘူး ပီးတော့ စိတ်မကောင်းပါဘူး ''

အားနာသလို ရယ်ကျဲကျဲနဲ့ပြောလာတဲ့ ရှောင်ကျန့်က
ရှေ့မှာ ဝိတ်တာ လာချပေးထားတဲ့ ကော်ဖီခွက် ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားရင်း ယုန်သွားဖျားလေးပေါ်ရုံ သွားစိကာ မနေတတ်မထိုင်တတ် ပုံစံဖြစ်နေခဲ့တယ် အရှေ့မှ အဖြူရောင်လူသားကို တမေ့တမော ငေးကြည့်မိတဲ့သူမဟာ ဒီလူသားရဲ့ ဒီလို အားနာ
နေတဲ့မူကျင့်မျိုးနဲ့ ပုံစံသက်ရောက်မှူက သူမနဲ့ မထိုက်တန်ဘူးလို့ ခံစားရတယ်

မေရှင်း '' မေရှင်းကသာ ကျေးဇူးတင်ရမှာပါ ရှောင်ကျန့်အပေါ် မေရှင်းက နှောက်ယှက်ဖူးတာ အကြိမ်ကြိမ်မလား ''

ရှောင်ကျန့် '' ဘယ်ကသာ ကျွန်တော်ကြောင့်သာ မေရှင်းက အလုပ်ထွက်လိုက်ရတာ မေရှင်း ကျွန်တော့်အပေါ် နှောက်ယှက်တယ်ဆိုတာက မပြောပလောက်တဲ့အရာတွေပါ ''

လက်တခါခါ ငြင်းဆန်ရင်း အကျိုးအကြောင်း ပြန်ရှင်းပြတဲ့ ရှောင်ကျန့်က တစ်ဖက်လူဖြစ်တဲ့ သူမအပေါ်
နားလည်ပေးထားနိုင်ကြောင်း သိသာစေတယ်

မေ့ရှင်း '' ရင့်သက်ပုတ်ခတ်တဲ့ စကားလုံးတွေက သေချာပေါက် ရှောင်ကျန့်ကို စိတ်ညစ်စေမှာပဲလေ''

ရှောင်ကျန့်'' ကျွန်တော့်အတွက် ကြားနေကြ သာမန် စကားလုံးလေးတွေအပြင်မပိုခဲ့ပါဘူး မေ့ရှင်းလည်း မေ့လိုက်ပါ စိတ်ထဲ မထားပါနဲ့ ''

နောင်တရိပ်တွေ သန်းဝေတဲ့ မေရှင်းက ရှောင်ကျန့်စကားကို ခေါင်းတဆက်ဆက်ငြိမ့်ရင်း နာခံတယ် မှန်သားပြင် ကာရံထားတဲ့ ကောဖီဆိုင်လေးရဲ့ အပြင်ဘတ်လမ်းမ ကို ခဏ လှည့်ကြည့်တဲ့မေ့ရှင်းက အချိန်တစ်ခုထိ တိတ်ဆိတ် ငြိမ်သက်နေခဲ့ပီးမှ ခပ်အေးအေး စကားဆိုတယ်

မေရှင်း '' တကယ်ဆို ရှောင်ကျန့်ကို ကျွန်မ ကူညီတာ မဟုတ်ပါဘူး မေရှင်းကိုယ်တိုင်ကလည်း အလုပ်ထွက်ချင်လို့ နောက်တစ်ခါ ပြန်ဝင်လို့မရနိုင်တော့တဲ့ နည်းနဲ့ အလုပ်ထွက်ချင်လို့ ရှောင်ကျန့်အမှားကို မေရှင်းက ဝန်ခံရင်း မေရှင်းအတွက်သာ မေရှင်းလုပ်လိုက်တာပါ ရှောင်ကျန့်က အားနာ စရာမလိုပါဘူး''

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now