part 31 (Z&U)

2.6K 148 7
                                    

မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၃၁ (Z&U)

ဆေးရုံ ကော်ရေတာ ထိုင်ခုံနေရာလေးမှာ ဝင်ထိုင်တဲ့ ဝမ်သခင်ကြီးကြောင့် ထိုင်နေရာမှ ထရမလိုဆက်ထိုင်ရမလို လမ်းပျောက်သွားတဲ့ ကျိယန်က နောက်ဆုံးတော့ ဝမ်သခင်ကြီးကို ခေါင်းငုံ့ကာ နှုတ်ဆက်ရင်း အနီးမှာ မတ်တပ်ရပ်နေတဲ့ ချန်ရဲ့ဘေးကို သွားရပ်လိုက်တယ် ဟောက်ရွှမ်းက စပ်ဖြဲဖြဲရုပ်နဲ့ ဝမ်သခင်ကြီးနားကပ်လို့ ထိုင်နေခဲ့တယ်

ဟိုက်ခွမ်း '' ကျန့်ကျန့်အခြေအနေ ''

လူနာရှင်တစ်ဦးနဲ့ စကားပြောပြီးမှ အနားရောက်လာတဲ့ဟိုက်ခွမ်းက ရှောင်ကျန့်ရဲ့ အခြေအနေကို မေးမြန်းတယ် ကျွမ်းကျင်ရာ ပညာရပ်မဟုတ်ပေမယ့် အနည်းငယ်လေ့လာထားတဲ့ ဟိုက်ခွမ်းနဲ့ချန်က ရှောင်ကျန့်သတိရလာတဲ့အခါ ပုံမှန်အခြေအနေမဟုတ်ဘူးဆိုတာ သိနေကြတယ် ကျိယန်ရောပေါ့

ချန် '' အရမ်း ဟို ''

စိုးရိမ်စိတ်ဖြာနေတဲ့ ချန်ဟာ ရှောင်ကျန့်ကို ပြေးကြည့်ချင်တယ် ဒါပေမယ့် သူ့အကို့ရဲ့ ဟိုအရင်က ရင်နင့်စရာပုံရိပ်မျိုးထပ်တွေ့ရရင် သူလည်းရူးရမယ်ထင်တယ်

ကျိယန် '' အဆင်ပြေတယ် ထင်သလောက်တောင်ဆိုးမနေပါဘူး ရိပေါ်လည်းအနားမှာရှိနေတယ်မလား ''

မျက်နှာကြည်သာလာတဲ့ ချန်က အခန်းဘတ်ကိုလျှောက်သွားတယ် အထဲက လိုက်ကာတစ်ဝက်သာ တစ်ဖက်ကို ​ဖယ်ထားတာမို့ ယုန်အကိုက ရိပေါ်ရင်ခွင်ထဲတိုးဝှေ့ပီး အိပ်ပျော်နေတာတွေ့လိုက်ရမှ တစ်ချက်ပြုံးတဲ့ ချန်က ခုံတန်းဘတ်ပြန်လျောက်လာတယ်

ချန် '' ပါး အခန်းထဲ ဝင်တော့မလား ''
ဝမ်ပါး '' အေးကွယ် သားငယ်လေး ကျန့်ကျန့် ရဲ့အခြေအနေကို ပါးအတိအကျသိချင်တယ် ''

ချန်ကူတွဲတော့ အခန်းဘတ်ကို လျောက်လာကြရင်း ဝမ်ပါးက ချန့်ကိုမေးတယ် ဟိုက်ခွမ်းကလည်း တစ်ဖက်မှ ကူတွဲလိုက်တယ် ဟောက်ရွှမ်းနဲ့ကျိယန်က သူတို့ကိုနှုတ်ဆက်ပြီး ပြန်သွားကြတယ် မနက်မှ ရှောင်ကျန့်ကို တစ်ခေါက်လာကြည့်ဦးမှပါလေ

ဟိုက်ခွမ်း '' မစိုးရိမ်ရပါဘူး ပါးရဲ့ ထိတ်လန့်စရာတွေ့တော့ စိတ်ဂယောက်ဂယက် ဖြစ်သွားမဲ့သဘောပါ ခုလိုပြန်အိပ်ပျော်နေပုံထောက်ရင် အဆင်ပြေနေပါတယ်ပါးရဲ့ ''

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now