part 21 (Z&U)

3.3K 204 7
                                    

မောင့် သက်ဆိုင်သူက * ကော*

အပိုင်း ၂၁ (Z&U)

ဝမ်သခင်ကြီးဟာ စိတ်ချရတဲ့ အခြေအနေ ရောက်နေပေမယ့် သတိပြန်မရသေးတာကြောင့် ဟိုက်ခွမ်း ချန် နဲ့ ကျိယန် တို့က တာဝန်ကျ ဆရာဝန်တွေအပြင်  တစ်လှည့်စီ duty နားချိန်မှာ စောင့်ကြည့်ပေးနေခဲ့တယ်

စိတ်ချသွားရပြီ ဆိုမှ သက်ပြင်းရှည်ချပြီး လေပူ မှုတ်ထုတ်တဲ့ ရိပေါ်က ဝမ်သခင်ကြီးရဲ့ ပိုက်အသွယ်သွယ်နဲ့ အောက်ဆီဂျင်တပ်ထားတဲ့ မျက်နှာကို ခပ်တွေတွေလေး ငေးကြည့်နေခဲ့တယ်

ရိပေါ် '' ကျွန်တော် ပါးပါးကို ပြစ်ထားခဲ့မိတယ်''
ဟိုက်ခွမ်း '' ပြစ်ထားခဲ့တာ မဟုတ်ပါဘူး ညီ ပါးပါးက တကယ်ပျော်ရွှင်နေခဲ့တာပါ လှည့်စားသူက လှည့်သစားလို့ ဒီလိုအဖြစ်ဆိုးကို ကြုံရတာ ''

ရိပေါ်ရဲ့ပခုံးတွေကို ပုတ်ခတ်ပေးရင်း နှစ်သိမ့်သလိုပြုမူတဲ့ ဟိုက်ခွမ်းက ညီငယ်အပေါ် စိတ်ထဲမကောင်းဘူး တစ်ကယ်ဆိုရင် ပညာကိုသာ အားကြိုးမာန်တတ် ရှာဖွေတဲ့ သူ (ဟိုက်ခွမ်း)လည်း ညီငယ်နဲ့ အတူ ဖခင်ကို ပြစ်ထားခဲ့မိတယ်လေ ဂုဏ်ပကာသန တွေကြား မေတ္တာတရားတွေဟာ အလိုလို ဘေးရောက်လို့ တစ်ဦးနဲ့တစ်ဦး နီးလျက်ဝေးခဲ့ကြတယ် ချစ်ခြင်းတရားဟာ နူးညံ့တယ် ၅၂၈ မေတ္တာဟာ ကြင်နာမှုတွေအပြည့်နဲ့ ညက်ညောတယ် မိသားစုဆိုတာဟာ တန်ဖိုးဖြတ်မရတဲ့ အသိုက်အမြုံတစ်ခု

ဟိုက်ခွမ်း '' ပြန်နားလိုက်ညီ ကျန့်ကျန့်လေးလည်း နေမကောင်းဘူး ''

ဟိုက်ခွမ်းစကားကြောင့် ချစ်ရသူ ထိုင်နေရာဘတ်ကို
ခေါင်းလည်ကြည့်တဲ့ ရိပေါ်က စိတ်နဲ့ကိုယ်မကပ်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်လာတယ် ချစ်ရသူလေးက တစ်ခုမဟုတ် တစ်ခု အရမ်းကိုချူ ချာလွန်းတယ်

ချန်နဲ့ကျိရန်ကြားထိုင်နေတဲ့ ချစ်ရသူလေးက မျက်နှာနီမြန်းမြန်းနဲ့ ချန်က ပွစိပွစိနဲ့ ဆေးတိုက်နေရရှာတယ်

ရိပေါ် '' သတိရရင် ကျွန်တော့်ကို လှမ်းခေါ်နော် ge ''
ဟိုက်ခွမ်း '' သတိရလာမှာပါ ge ခေါ်လိုက်မယ် ''

မှန်ပြင်ကနေ လဲလျောင်းနေတဲ့ဖခင်ကို ကြည့်နေတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ပခုံး တစ်ယောက်ဖက်လျက် ငမွှေထိုးသုံးယောက်ရှိရာ ပြန်လှည့်လာကြတယ်

မောင့်သက်ဆိုင်သူ က * ကော * Место, где живут истории. Откройте их для себя