part 32 (Z&U)

2.6K 150 16
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၃၂ (Z&U)

ချန် '' အာ ဟစမ်း ငါဆွဲဖြဲရမလား ''

၂၂ ကြိမ်မြှောက်သော အာ ဆိုသည့်စကားကို ပြောပြီးနောက် နောက်လှန်ကျကာ ဆိုဇာပေါ်မှီချပစ်တဲ့ ချန်က ယုန်အကိုရဲ့ ဖျားနာခြင်းကြောင့်ဂျီကျမှုကို လက်ရောခြေပါ မြှောက်နေခဲ့တယ် တစ်ယောက်ယောက်လောက်လာကျစမ်းပါကွာ

ကုတင်ပေါ်မှာ ပိုးတုံးလုံးကဲ့သို့ စောင်နဲ့ရစ်ပတ်ကာ အထုပ်ခံထားရတဲ့ ရှောင်ကျန့်က ပြောင်းလဲသော ဥတုအခြေအနေကြောင့် ဖျားကာ ဂျီကျနေခြင်းဖြစ်တယ် မဖြစ်မနေမို့ လိုင်းပေါ်မှတစ်ဆင့် အစည်းအဝေးလုပ်နေရတဲ့ ရိပေါ်က ဝမ်ပါးရဲ့အခန်းထဲရောက်နေပြီး တစ်ဖက်အခန်းမှ အဆိုးလေးကို စိတ်မချစွာ စိတ်တထင့်ထင့်ရှိနေခဲ့တယ်

ရှီဂါ '' ငါ သွားခေါ်ပေးရမလား ''

လိုင်းပေါ်မှာပဲ ရိပေါ်နဲ့အတူဘေးကပ်ကာ ထိုင်ရင်း အစည်းအဝေးတတ်ပေးတဲ့အိုရှီဂါက sunny ဆေးရုံမှ ပြန်မည့်ပုံပင်မပေါ်တော့ပေ

ရိပေါ် '' လိုက်လာလိမ့်မယ် ''

စောင်နဲ့ထုပ်ပိုးပြီးချီခေါ်တော့ လိမ္မာစွာ မလိုက်ကြောင်းငြင်းဆိုပြီး တစ်ဖက်မှ ပါးပါးအခန်းထဲသို့ လွတ်လွတ်လပ်လပ်သာ သွား၍ အလုပ်လုပ်ပါဟု လူလိမ္မာလေးအသွင် အယောင်ဆောင်တဲ့ ယုန်ဆိုးလေးအကြောင်းကို သိသူ ရိပေါ်က အဆိုးလေး လိုက်ချွဲမယ့်အချိန်ကို စောင့်နေလိုက်တယ်

တစ်ဖက်အခန်းမှချန်ဟာ ဇောချွေးပင် ပြန်လာခဲ့တယ် ဝမ်ရိပေါ်ဟာ ယုန်အကိုကို အတော်သည်းခံနိုင်တာပဲ အရင်တုန်းက ဒီလောက်မဆိုးပါဘူးကွာ
အင်း အလိုလိုက်ထားတဲ့လူကြောင့်ဆိုးသွားတာ

ချန် '' အာ ကွာ ''
ရှောင်ကျန့် '' မသောက်ဘူးနော် မင်းဆန်ပြုတ်က မင်းမျက်နှာလိုပဲ စူပုတ်ပုတ် ဖြူ စုတ်စုတ် မသောက်ချင်ပါဘူး ''

ပေစောင်စောင် စကားပြောရန်ရှာတဲ့ အစ်ကိုဖြစ်သူကို မျက်လုံးမှေးကာ ကြည့်တဲ့ ကျန်းချန်ဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို လျှာသပ်လိုက်တယ်

ချန် '' တစ်ဇွန်းပဲ သောက်ကွာ မင်းကလည်း ဒီတစ်ဇွန်းပဲ ''

ရှောင်ကျန့် '' သနားလို့နော် ''

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now