part 38 (Z&U)

2.1K 147 4
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၃၈ (Z&U)

အဖြူ ရောင် suti ကို ရိပေါ်ကိုယ်တိုင် တကျတန ဝတ်ဆင်ပေးပြီးတဲ့သည့်တိုင် ရိပေါ်ရဲ့ သက်ဆိုင်သူလေးက ကြောင်အအကလေးဖြစ်နေတယ် နေ့လယ်ခင်းမှာ ပြန်လည်အိပ်ပျော်သွားပီ နိုးလာခဲ့သည်မှာ ညနေ ၆ နာရီမှာပဲဖြစ်တယ် ကောင်းကောင်းအိပ်ပျော်ပြီး ကောင်းကောင်းနိုးထ လာရခြင်းဖြစ်၍ စိတ်ရွှင်လန်းနေတဲ့ ရှောင်ကျန့်က အူတူတူလေးပင် ရိပေါ် ဝတ်ဆင်ပေးသည်ကို ငြိမ်၍ နေခဲ့တယ်

ရိပေါ် '' ကဲ ကိုယ့် ​ပေါင်ပေ့လေး ဘောင်းဘောင်းသွားဝတ်ချေ ''

ရှောင်ကျန့် '' မောင်နော် ''

ရှောင်ကျန့်ရဲ့လက်ထဲသို့ အဖြူ ရောင် ဘောင်းဘီရောက်ရှိသွားတယ် ရိပေါ်ရဲ့ အခေါ်အဝေါ်ကြောင့် ယုန်မျက်စောင်းကလေးက ဒိုင်းကနဲပါပဲ သက်ဆိုင်သူလေးရဲ့ ပါးတစ်ဖက်ကို ဆွဲညှစ်တဲ့ရိပေါ်က တဟက်ဟက်ရယ်တယ် ဒီအူယားဆေးလေးကို ရိပေါ် ထာဝရ ပိုင်ဆိုင်ခွင့် တရားဝင်ကြေညာ ရတော့မှာပဲဖစ်တယ်

ရိပေါ် '' မောင် ဝတ်ပေးရမလား ''
ရှောင်ကျန့် '' မပြောင်နဲ့ ဟွန့် ''

ရေချိုးခန်းထဲ ပြေးဝင်သွားတဲ့ ယုန်အူအူလေးကိုကြည့်ရင်း ရိပေါ်ကိုယ်တိုင်လည်း အဝတ်လဲဖို့ပြင်ဆင်လိုက်တယ်

ရှောင်ကျန့် '' မောင် ကော ကြယ်သီးတပ်ပေးမယ် ''

အပြည့်အစုံဝတ်ဆင်ပီးသွားသော ရှောင်ကျန့်က အဖြူ ရောင် suti နဲ့ နတ်ဘုရားတစ်ပါးအလား ကျက်သရေတင့်တယ်ခြင်းကိုဆောင်ကျဉ်း ​နေသလို ရှိနေခဲ့တယ်

နက်ခတိုင်ကို လက်က ကိုင်ထားရင်း သက်ဆိုင်သူလေးရဲ့ ကြယ်သီးတပ်ပေးခြင်းအား ငေးမောကြည့်ရှုနေတဲ့ ရိပေါ်က နှာဖျားနီအောင် မျက်ရည်ရစ်သိုင်းတယ် ပျော်ရွှင်မှုတွေဟာ တသွဲ့သွဲ့စီးသော မြစ်ငယ်ကဲ့သို့ မျက်ဝန်းမှ တစ်ဆင့် ဖိတ်လျံကျခဲ့တယ်
ရိပေါ် ရဲ့ပါးနှစ်ဖက်မှာ ငွေပုလဲလေးက တွဲလွဲခိုတယ်

ရိပေါ် '' မောင့် သတို့သားလောင်းက ကျက်သရေရှိလိုက်တာ ''

သွယ်လျတဲ့ ကိုယ်လေးအားထွေးဖက်တော့ အလိုက်သင့်ပါလာခဲ့တယ် သက်ဆိုင်သူလေးရဲ့ လက်နှစ်ဖက်က ရိပေါ်ရဲ့ ခါးကို ပြန်လည်ဖက်တွယ်လာခဲ့တယ် တစ်ချက် တစ်ချက် တုန်တတ် သွားတဲ့ ကိုယ်လေးရဲ့ လှုပ်ခတ်မှုနောက်မှာ ရှိုက်သံ သဲ့သဲ့ပါလာတယ် သက်ဆိုင်သူလေးဟာလည်း ပျော်ရွှင်ခြင်းမျက်ရည် များအား စီးဆင်းစေခဲ့တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now