part 26 (Z&U)

2.6K 162 1
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၂၅ (Z&U)

💚💚❤❤

ခေါင်းစွပ်ပါသော အဝါရောင်ဟူဒီ ဆင်တူနဲ့အတူ ဂျင်းအကြပ်ကိုမှ ဒူးနားတွင် အပြဲရာ ပါသော ဂျင်းအဖြူ ဘောင်းဘီ ဆင်တူ ဖိနပ်ဆင်တူနှင့်  ပြောင်းလဲဝတ်ဆင်ခဲ့ကြပြီးမှ လျှောက်လည်မယ့် အစီအစဉ်ကို စတင်တဲ့ ရိပေါနဲ့ရှောင်ကျန့်က လက်တွဲထားလျက် သွားလာလည်ပတ်တယ်

ရှောင်ကျန့် '' မောင်က ချစ်စရာလေး ''

ရိပေါ် '' အင်း ကော ချစ်နေဖို့ပဲလိုတာ ''

ဟူဒီမှာပါတဲ့ ခေါင်းစွပ်ကို ရိပေါ်ခေါင်းပေါ် ဆောင်းစေတဲ့ ရှောင်ကျန့်က ရိပေါ်ရဲ့ ပါးကို လက်နှစ်ဖက်နဲ့ ဖြစ်ညစ်လို့ တခ်ခ် သဘောကျတယ် ဂျယ်နဲ့ဖိကပ်ကာ
အပေါ်လှန်တင်ထားခဲ့တဲ့ ရိပေါ်နဲ့ဆံပင်တွေဟာ အဆိုးလေးကောင်းမှုနဲ့ နဖူးထက်တွင် ဝဲကျနေခဲ့တယ်

shopping center ထဲမှာ လည်ပတ်နေတဲ့ ရှောင်ကျန့်က ရိပေါ်ရဲ့လက်ကို တွဲလို့ လမ်းလျှောက်တတ်စ ကလေးငယ်လို မညောင်းမချိ တတောက်တောက် သွားလာလျောက်လှမ်းတယ်

ရိပေါ် '' တစ်ခုခု စားမလား ကော ''
ရှောင်ကျန့် '' အွန်း ''

ဖြတ်သွားဖြတ်လာ လူတွေမှ ဓာတ်ပုံလိုက်ရိုက်ခြင်းနဲ့အတူ မိန်းမငယ်လေးများ၏ လိုက်လံ စနောက်ခြင်းကြောင့် ရှက်ရမ်းရမ်းကာ သွားချင်ရာသွားနေမိတဲ့ အဆိုးလေးကြောင့် တစ်နေရာရာ ခေါ်သွားဖို့ ရိပေါ် စကားစလိုက်ရတယ်

ဝမ် group ceo ဝမ်ရိပေါ်ရဲ့ချစ်သူနဲ့အတူ လည်ပတ်နေသော အတွဲပုံရိပ်တွေဟာ လူမှုကွန်ရက်မှာ ပလူပျံနေမှာတော့ အသေအချာပါပဲ

ငြိမ်နေတဲ့ အဆိုးလေးဟာ ရိပေါ်လက်တွဲခေါ်ရာ နောက် ခေါင်းလေးငုံလျက် ရိပေါ်ကျောပြင်ကို မျက်နှာအပ်မတတ် နီးကပ်တဲ့အနေအထားနဲ့ လိုက်လာခဲ့တယ် တစ်ချက် တစ်ချက် အနင်းခံရတဲ့ ရိပေါ်ရဲ့ခြေထောက်တွေဟာ နာကျင်ပေမယ့်လည်း ရိပေါ်က ပြုံးရွှင်နေဆဲ

" အင့် ''

ကားရှေ့ရောက်မှ နောက်ပြန်လှည့်ကာ ရပ်လိုက်တဲ့ရိပေါ်က ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ သက်ဆိုင်သူလေးကို စီးကြိုလို့ သိုင်းဖက်လိုက်တယ် ရိပေါ်လည်တိုင်ကြားကို နှာခေါင်းချွန်ချွန်လေးနဲ့ တိုးဝှေ့ကာ ငြိမ်ကုတ်နေတဲ့ ရိပေါ်ရဲ့ အဆိုးလေးဟာ သိပ်ကိုအရှက်ကြီးတယ် ဘယ်လိုလုပ်မလဲ နောက်ရက်တွေဆို တစ်ကမ္ဘာ လုံးက ကောကို သိတော့မှာ

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now