part 12 (Z&U)

4.1K 251 6
                                    

မောင့် သက်ဆိုင်သူက * ကော *

အပိုင်း ၁၂ (Z&U)

ရိပေါ် '' ဒီနေ့ခွင့်ယူထားတာလား ''

ရုံးပိတ်ရက်မဟုတ်မှန်းသိတဲ့ ရိပေါ်က သူ့ရဲ့ယုန်လေး နေမကောင်းပဲ ရုံးကိုသာသွားခဲ့ရင်ရော ပေတေပီး နေဦးမယ်ထင်တယ်
မောင် မရှိတဲ့ နေ့ရက်တွေမှာ ကော ဘယ်လိုဖြတ်သန်းခဲ့လဲ အရမ်းပင်ပန်းခဲ့မှာပဲ ယုန်လေးရယ်

ရှောင်ကျန့် '' မယူထားပါဘူး ချန်က ရုတ်တရက် လာဆွဲခေါ်လို့ပါလာတာ ''
ရိပေါ် '' ကိုယ့်ကိုယ်ကို နေမကောင်းမှန်းရောသိလား''

လွှာကျနေတဲ့ မျက်နှာသွယ်သွယ်လေးပေါ်က ခရင်လိမ်းအပီး လက်ပြန်ရုတ်ခဲ့တဲ့ရိပေါ်က ယုန်လေးရဲ့ မျက်နှာအစိတ်အပိုင်းတွေကို ထပ်ထိတွေ့ချင်တုန်းပဲ
လွမ်းလွမ်းဆွတ်ဆွတ် ငေးမောရင်း မေးတဲ့ရိပေါ်က
ဝမ်းလည်းနည်းသလို ယုန်လေးက သတ္တိရှိခဲ့လို့
ဝမ်းလည်းသာတယ် ကျချင်လာတဲ့ မျက်ရည်တွေကို
ယုန်လေးမမြင်ရအောင်ပဲ တိတ်တဆိတ် မျက်တောင်ပုတ်ခတ်ကာ ဖယ်ရှားပစ်ရင်း တည်ငြိမ်ယောင်ဆောင်နေရပြန်တယ်

ရှောင်ကျန့် '' သိပါတယ်နော် ဆေးသောက်ထားတယ်''

မျက်စောင်းမဝံ့တဝံ့စွေကြည့်လာတဲ့ ရှောင်ကျန့်က ရိပေါ်ရဲ့ ရဲတင်းတဲ့ အကြည့်တွေကိုရင်မဆိုင်နိုင်ဘူး
ဆုပ်ကိုင်ထားဆဲ ရိပေါ်ရဲ့ လက်ကောက်ဝတ်ကလေးကို ပြန်မဖြုတ်ချတဲ့ ရှောင်ကျန့်က မျက်နှာနီနီနဲ့ ရိပေါ် ပခုံးလေးလေးပေါ် ခေါင်းမှီကာ ရိပေါ်ရဲ့ပုခုံးအစွန်းလေးကို ခေါင်းလေးနဲ့တိုးဝှေ့တယ်

' ငါ က မင်း ချစ်သူပါလို့ ပြောဖို့
ခက်ခဲလိုက်တာ မောင်ရယ် '

ယုန်လေးရဲ့အပြုအမူကို သဘောကျတဲ့ ရိပေါ်က
ယုန်လေးမမြင်အောင်  အသံတိတ်ပြုံးတယ် ကောက မောင့်ကို ငိုအောင်လည်း လုပ်နိုင်သလို ရယ်အောင်လည်း ပြုစားနိုင်တယ်

အချိန်တစ်ခုရောက်လို့ ရိပေါ်က သတိပြန်ရပါလျက်နဲ့ မသိချင်ယောင်ဆောင်နေမှန်းသာ ရှောင်ကျန့်ကပြန်သိခဲ့မယ်ဆိုရင် ယုန်လေးက ဘယ်အတိုင်းအတာထိ စိတ်ဆိုးစိတ်ကောက်မလဲ မသိနိုင်ပါဘူး ဒါပေမယ့် နောင်ခါလာ နောင်ခါဈေး လျစ်လျူ ရှူ ပြစ်တဲ့ရိပေါ်က လက်ရှိ အခြေအနေအလေးကို သဘောကျနေခဲ့တယ် ယုန်သူငယ်လေးရဲ့ပုံစံအဆန်းကိုမြင်တွေ့ ချင်လွန်းတာကြောင့်ပေါ့

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now