part 8 (Z&U)

3.8K 266 4
                                    

မောင့် သက်ဆိုင်သူက * ကော*

အပိုင်း ၈ (Z&U)

ရိပေါ် '' ကော ''
ရှောင်ကျန့် ''ဘာလဲ ''
ရိပေါ် '' အဖြေပေးပါဆို''

ရှောင်ကျန့်နဲ့ ရိပေါ် က တရားဝင်ချစ်သူမမည်သေးဘူး သက်ဆိုင်ချင်မိသူ ယုန်လေးက ရိပေါ်ကို မောင်လို့ မခေါ်သလို ချစ်တယ်လို့ လည်း အဖြေမပေးသေးဘူး
March လမှာ စလို့ ချစ်ချင်းတရားတွေကို တရားဝင်ချပြထားခဲ့တဲ့ ရိပေါ်ရဲ့အချစ်တွေက အောက်တိုဘာလအထိ တတ်နင်းခံတုန်းပါပဲ ချစ်လားမေးရင် ရှက်ပုန်းပုန်းဆဲ ယုန်လေးကြောင့် ရိပေါ်မှာ အကြိမ်ကြိမ် အားမလိုအားမရဖြစ်နေဆဲ ဒါဆို ဒီလတွေအတွင်း ဘယ်လိုဖြတ်သန်းခဲ့လဲ ချစ်တယ်လို့သာ မပြောတဲ့ ယုန်လေးက ရိပေါ်ကို ချွဲတယ် ဆိုးတယ် ကောက်တယ် ဖားပြုံးပြုံးတဲ့ရိပေါ်ကလည်း အမြဲ ယုန်လေးစိတ်တိုင်းကျ ပြုမှုပေးဆဲ ကြာလာတော့ ဘေးနားက လူတွေမှာ ယုန်လေးကိုပဲ မေတ္တာဝိုင်းပို့မိကြတယ်

' ငါတို့ မေတ္တာပို့တာတွေ boss မသိစေနဲ့ '

ရိပေါ် '' ကောလို့ ''

ရုံးပိတ်ရက်ကလေး မှာတောင် အလွှတ်မပေးတဲ့ရိပေါ်က ယုန်လေးရဲ့ တိုက်ခန်းကို မနက်အစောကြီး ရောက်လာပြီး နံနက်စာလုပ်နေတဲ့ ယုန်လေးနောက် တကောက်ကောက်လိုက်ကာ အဖြေတောင်းနေခဲ့တယ်

ရှောင်ကျန့် '' အိုက်ယား ရိပေါ် ငါ့ပခုံးပေါ် အဲ့လိုကြီးမမှီပါနဲ့ဆို ဘယ်နှစ်ခါပြောရမလဲ ''
ရိပေါ် '' မမှတ်မိတော့ဘူးကော ''

ကျောပြင်သေးသေးလေးက ကိုယ့်ထက်ရှည်မားနေဆဲအရပ်ရှိပေမယ့် နောက်ကနေသိုင်းဖက်ရင် ရိပေါ်ရင်ခွင်ထဲမှာ ယုန်လေးက ပုံစံတကျ အံဝင်နေဆဲပဲ
ယုန်လေးကလည်း ထုံးစံအတိုင်း မဖက်ဖို့ပြောလည်း ရိပေါ်က နားမပါသလိုပဲ ဒီနေတော့ရိပေါ်က အဖြေရအောင် တောင်းဖို့စဉ်းစားထားတယ် ယုန်လေးက
ချစ်ရဲ့သားရဲ့ အမူလွန်နေတယ်

ရိပေါ် '' ကော သားကို အဖြေပေး''

အိမ်ကနေ မျက်နှာသစ်ရေချိုးပီးပီးချင်း လာခဲ့တာဆိုတဲ့ ရိပေါ်ကြောင့် ယုန်လေးက ဆံပင်ခြောက်အောင် သုတ်ပေးရင်း ဖွာကျနေတဲ့ ရိပေါ်ရဲ့ ရှေ့ဆံပင်လေးတွေကို ခေါင်းစည်းကွင်း လေးနဲ့ သေသေ သပ်သပ် စည်းပေးထားတယ် ချစ်စရာကောင်းလို့ဆိုပီး ယုန်​လေးက ပါးတစ်ဖက်ကို အနမ်း​ပေးခဲ့တာ သတိရသွားတဲ့ ရိ​ပေါ်က  ကလေးလို ချစ်စရာကောင်းစွာ ချွဲပီး အဖြေတောင်းဖို့အကြံရသွားခဲ့တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now