part 6 (Z&U)

4.3K 281 9
                                    


မောင့် သက်ဆိုင်သူက * ကော*

အပိုင်း ၆ (Z&U)

ပစ္စုပ္ပန်ကာလ ခဏတာ

အဝါရောင် တိုက်ပုလေးထဲက အခန်းလေးထဲမှ လူသားဟာ များစွာအထီးကျန်နေရတယ် ဝါကျင်ကျင်
မီးရောင်လေးက အခန်းတစ်ခန်းလုံးကို တောက်ပတဲ့အလင်းရောင်  အလုံအလောက်မပေးစွမ်းနိုင်ဘူး

မှိန်ပြပြ မီးရောင်အောက်က ထိုလူသားဟာ ကျောက်ရုပ်ပမာ လှုပ်ရှားမှာရှိမနေခဲ့ဘူး

ဖုန်းစခရင်ပေါ်က ဆေးသွင်းထားတဲ့ ပိုက်တန်းလန်းနဲ့ မောင်က လဲလျောင်းနေခဲ့တယ် စိုးရိမ်စရာမရှိပါဘူး
ဆိုတဲ့ ချန်ရဲ့ meesage က ကောကို နှစ်သိမ့်နိုင်စွမ်းမရှိဘူးမောင် ဖြူ ဆွတ်နေတဲ့မောင့်မျက်နှာက သွေးမရှိသလိုပဲ အရင်လို ပါးဖောင်းတွေအစား မေးရိုးသွယ်သွယ်တွေက နေရာယူထားပြန်တယ် ခပ်တင်းတင်းစေ့ထားတဲ့ မောင့်နှုတ်ခမ်းတွေကလည်း သွေးမလျောက်တော့တာလား မောင်ရယ်

စခရင်ပေါ်က မျက်နှာလေးကို လက်နဲ့ ထိတွေ့ရင်း
မောင့်အနား ရှိနေချင်စိတ်လေးတွေရှိနေပြန်တယ်
ထသွားဖို့ ခြေထောက်တွေက လှုပ်ရှားပစ်ချင်လဲ
အသိစိတ်ရဲ့ ဦးနှောက်က တားစီးတယ်
အသိစိတ်နဲ့ မသိစိတ်ကြား ရုန်းကန်ရတဲ့ကောက
အသံထွက်ကာပဲ အော်ငိုလိုက်ရပြန်တယ် မောင်ရယ် အချိန်ကာလ တစ်ခုထိပါပဲ ဒီနေ့ဆို မောင်ပြန်ရောက်တာ ၁၃ ရက်ရှိပီမောင် ခဏလောက်လေးပဲ
ထပ်စောင့်ပေးပါ မောင်

' မမှတ်မိရင် နေပါစေ သတိမရရင်နေပါစေ ကောကို
ကျောခိုင်းသွားရပါစေ ကောက ကောက အချိန်ကာလ တစ်ခုပီးရင် မောင့်ကို ပြောပြပေးမှာဖြစ်လို့
အမြန်ကျန်းမာပါတော့မောင်ရယ် '

ရှိုက်သံတွေက တစ်စထက် တစ်စ ရပ်စဲသွားတဲ့အခါ
အဖြူရောင် အိပ်ယာလေးပေါ် ဖြေးဖြေးချင်းလဲကျလာတဲ့လူသားက စိုစွတ်နေတဲ့ မျက်ရည်တွေကို မသုတ်ခဲ့ပြန်ဘူး လက်ထဲမှာတော့ တစ်စုံတစ်ယောက်ရဲ့ ဓာတ်ပုံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ် ဓာတ်ပုံလေးရဲ့ နောက်ကျောမှာတော့
 
" မောင် '' လို့ အပြာရောင်မှင်လေးနဲ့ ရေးသားထားတယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now