part 36 (Z&U)

2K 146 11
                                    


မောင့် သက်ဆိုင်သူက * ကော *

အပိုင်း ၃၆ (Z&U)

ကုတင်ပေါ်မှ ယုန်ဖြူ ဖြူ လေးဟာ လူးလွန့်လှုပ်ရှားရင်း အိပ်ယာမှ နိုးစပြုလာခဲ့တယ် လက်သွယ်သွယ်ကလေးက ဘေးတစ်ဖက်ခြမ်းမှ အိပ်စက်သူကို လျှောက်စမ်းလျှက် ရှာဖွေနေတယ် အနွေးဓာတ်ပေးသော ရင်ခွင်ကျယ်ကြီးက ရှိမနေခဲ့ဘူး လက်စမ်းမိရာ အိပ်ယာခင်းက အေးစက်လျက် မျက်ခွံမို့မို့လေးတွေကို လက်နဲ့ပွတ်သတ်ရင်း မှေးစင်းနေသော မျက်ခွံကို အပေါ်ပင့်တင်လို့ မျက်စိရှေ့မှ နေရာကို စူးစမ်းကြည့်ရှုမိတယ် စိမ်းသက်သော နေရာ စိမ်းသက်သော အခန်းအပြင် မျက်ဆံကလေးတွေဟာ လှုပ်ခတ်ရင်း တစ်ခန်းလုံးကို ရေရေရာရာ ကြည့်မိခဲ့တယ်

များစွာသော ပန်းရောင်ပူပေါင်းကလေးတွေဟာ အခန်းအမိုးမျက်နှာကျက်မှာ ကပ်ထိနေကြတယ် အသားရောင် ခန်းစီးလှိုက်ကာကြီးက အခန်းအပြင်ဘတ်သို့ မြင်ရသော မှန်သားကြည်ကြည်ကို အုပ်ဆိုင်းကာကွယ်ထားခဲ့တယ် ပန်းရောင် နှင်းဆီပွင့်ဖက်ကလေးများဟာ အခန်းကြမ်းပြင်တစ်ခုလုံး ထူထဲစွာ ပြန့်ကြဲရင်းရှိနေကြတယ် အမွှေးရနံ့အီအီ ကလေးဟာ ချို မြိန်လွန်းစွာ သင်းပျံ့နေခဲ့တယ် ရိပေါ်ရဲ့သက်ဆိုင်သူလေးဟာ ဟူဒီပန်းရောင် ခပ်ကြီးကြီးကို ဝတ်ဆင်ထားရပြီး အနက်ရောင် ဘောင်းဘီအတို အပွကလေးနဲ့ရှိနေခဲ့တယ် ပြုံးရွှင်လာတဲ့ မျက်နှာဥဥဟာ ကြည်လင်လာပြီး တစ်ယောက်သော ချစ်ရသူ မောင်ကို ရှာဖွေဖို့ ကုတင်ပေါ်မှ ဆင်းလာခဲ့တယ်

ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လျက်

ရှောင်ကျန့် '' မောင်      မောင် ''

"ဂျောက် ''

"အင့် ''

နူးညံ့တဲ့ ပွင့်ဖက်ကလေးများပေါ် ခြေဖဝါးဥဥနှင့် နင်းလျှောက်ခဲ့ရင်း ချစ်ရသူ မောင် ကို အော်ခေါ်မိတယ်
တံခါးဖွင့်သံနဲ့အတူ အခန်းထဲသို့ မောင်က ရောက်ရှိလာတယ် နှစ်လိုစွာ ပြုံးရင်း အနားထိ ရောက်လာတဲ့ ရိပေါ်က သက်ဆိုင်သူလေးရဲ့ ကိုယ်သွယ်သွယ်ကို ပွေ့ဖက်ခဲ့တယ် ရင်ခွင်ထဲမှ သက်ဆိုင်သူလေးဟာသဘောတကျ တခ်ခ် ရယ်နေခဲ့တယ်

' အချစ်တစ်ခုကို ပုံဖော်ကြရာဝယ်
အပြောအဆို စကားနဲ့
အပြု အမူ လုပ်ရပ် တို့က
သက်သေ တည်ပေးခဲ့ကြတယ်
မောင်က သက်ဆိုင်သူလေးကို သိပ်ချစ်ပါတယ်တဲ့'

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now