part 15 (Z&U)

4.1K 233 14
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၁၅ (Z&U)

club ထဲမှာ ယောကျာ်းတစ်ယောက်နဲ့အတူ ပုံပန်းပျက်လျက် ကခုန်နေတဲ့ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေနဲ့
အခန်းတစ်ခုထဲ ဖက်လျက် ဝင်သွားခဲ့သည့်ပုံရိပ်တွေဟာ ထိပ်စီးသတင်းထဲ ရောက်နေပီး ယန် အိမ်တော်ရဲ့သိက္ခာတွေဟာ
အမြင့်ထိပ်ဖျားမှ ပြုတ်ကျရသည်မို့ အတော်ပင် အဖက်ဆယ်မရဖြစ်နေခဲ့တယ် ယန် company ဟာလည်း သမီးရဲ့ မကောင်းသတင်းတွေကြောင့် ယန်သူဌေးကြီးဟာ သတင်းထောက်တွေရဲ့ ဝိုင်းအုံလိုက်မှုကိုခံနေရပီး company ရှယ်ယာ အတော်များများဟာ အောက်ဆုံးသို့ပင် ထိုးကျသွားခဲ့တယ်

အင်း ယန်ချင်းလန် ကတော့ အမှောင်ထဲမှာ
လမ်းလွန်တုန်းပဲ မှားလက်စနဲ့ ဆက်မှားဆဲ

အချစ်က အစွန်းရောက်တဲ့ဟာ မင်းမျက်ဝန်းတွေဟာ
မြင်လျက်နဲ့ ကန်းခဲ့တယ် မင်းဟာလည်း လျောက်လှမ်းရင်း အမှောင်ထဲ ရောက်မှန်းမသိရောက်ခဲ့တယ်

ပူလောင်မှုကို ရင်ဝယ်ပိုက်တဲ့အခါ မင်းအချစ်တွေက
မင်းကိုပဲ လောင်မြိုက်ရင်း မင်းဟာ ဇာတ်သိမ်းမလှတဲ့
ဗီလိန်ဖြစ်တော့တယ်

-----------------------------------------

" ဟက် ချိုး''

"မောင် အဟင့် ''

" လာ မောင် သုတ်ပေးမယ် ''

ဆိုဖာပေါ်မှာ ပျင်းတိပျင်းရွဲ ထိုင်ရင်း game ဆော့နေတဲ့ ဒီဇိုင်နာလေးဟာ နှာချေပီး နှာရည်တွေစီးကျလာတယ် အားကိုးရာ လူသားကို ငိုမဲ့မဲ့ လှမ်းကြည့်ရင်း ခေါ်တော့ ရွှင်ပျတဲ့ စိတ်အစဉ်နဲ့ မျက်နှာအနေအထားမှာ တမြတ်တနိုး ပြန်ကြည့်ခဲ့တဲ့ ရိပေါ်က အနားမှ တီရှူးစကိုယူကာ ယုန်လေးကိုအနားလာဖို့ခေါ်လိုက်တယ်

ဒီနေ့က ယုန်သူငယ်လေး ရဲတင်းနဲ့နေ့ပဲ

ပေါင်ပေါ် တိုးတတ်ရင်းခွထိုင်လာတဲ့ သက်ဆိုင်သူလေးက ရိပေါ်ရဲ့ လည်ပင်းမှာ နှာခေါင်းနစ်ဝင်အောင် အနမ်းပေးတယ် တစ်နည်းပြောရရင် နှာရည် တွေ ကပ်သုတ်တာ တအောင့်နေရင် အရေးကြီးရှယ်ယာဝင်နဲ့ ရိပေါ်က တွေ့ဆုံရမယ်မှန်း ရိပေါ်ရဲ့သက်ဆိုင်သူလေးက ကောင်းကောင်းသိပါရဲ့ကွယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now