part 3 (Z&U)

5K 369 4
                                    

မောင့် သက်ဆိုင်သူက * ကော*

အပိုင်း ၃ (Z&U)

အနီရောင်နဲ့အစိမ်းရောင်စပ်ရင် ဖြစ်လာတဲ့ အဝါရောင် တိုက်ပုလေးက သိပ်ချစ်စရာကောင်းတယ်

ခါးလယ်လောက်ရှိတဲ့ ခြံစည်းရိုးရှေ့ကို အနက်ရောင်ကားလေးက အရှိန်သတ်ရပ်လိုက်တယ်

ကားပေါ်က လျင်လျင်မြန်မြန်ပဲ ပဲ ဆင်းလာတဲ့ ရှောင်ကျန့်က အခုထိ စိတ်နဲ့လူ ကပ်လျက်မရှိချင်သေးဘူး
ခြံစည်းရိုးတံခါး သော့ကို ဖွင့်ပီးမှ ယောင်နန နဲ့ ရိပေါ်ကို နှုတ်ဆက်ဖို့ ပြန်လှည့်လာတယ်

လှုပ်ရှားမှု အသေးစိတ်ကို စောင့်ကြည့်တဲ့ ရိပေါ်က သူ့ရဲ့ ယုန်သူငယ်လေး ရှက်နေတယ်ဆိုတာသိတယ်

'တကယ်ဆိုရင် ငါ က မင်း ချစ်သူပါ လို့ပြောဖို့ ဘာတွေက ခက်ခဲနေလဲ ရှောင်ကျန့်ရယ် '

ရှောင်ကျန့် '' ဟို လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ပါတယ် ''
ရိပေါ် '' ကျွန်တော့်ကို အိမ်ထဲ မခေါ်တော့ဘူးလား ''
ရှောင်ကျန့် '' အိမ်ထဲမှာကလေ ဟို ရှုပ် ရှုပ်ရှက်ခတ်နေလို့ boss ကိုအားနာလို့ မခေါ်တာပါ ''

ရိပေါ် '' ဟုတ်လား မထင်ရဘူးနော် ညစ်ပတ်လိုက်တာ ''

သူ့ရဲ့ စကားကြောင့် shock ရသွားတဲ့ ယုန်သူငယ်လေးက ရှူးရှူးရှဲရှဲ စိတ်တိုမပြခဲ့ဘူး နီရဲလာတဲ့ မျက်နှာက ရှက်စိတ်ထက် ဒေါသစိတ်ပိုလိမ့်မယ့်

ကိုယ့်စကား နဲ့ ကိုယ် အပြောခံလိုက်ရတဲ့ ယုန်လေးက မချိပြုံး လေး သာပြုံးပြနေရတယ် အမှန်တကယ်ဆို သွားစိကာ အံကြိတ်ပြနေတယ်ဆို ပိုမှန်ပါလိမ့်မယ် ' တဟက် ဟက် ' ရယ်ချင်တဲ့ ရိပေါ်က ယုန်လေးရဲ့ အမူအရာအပြောင်းအလဲတွေကို ဆက်ကြည့်ဖို့မသင့်တော်တော့မှန်းသိတယ် ခေါင်းငြိမ့်ကာ နှုတ်ဆက်ရင်း အဝါရောင် အိမ်လေးကို ကျောခိုင်းခဲ့တယ်

သက်ပြင်းအလီလီ ချတဲ့ ရှောင်ကျန့်က ပွစိပွစိ ရေ ရွန်ရင်း အမှတ်တရမရှိတဲ့ အစိမ်းသက်သက် အိမ်လေးထဲ ဝင်လာတယ် အိမ်အဝမှာ ဒေါသအိုး ညီငယ် ချန်က cctv တပ်ထားတယ် စိုးရိမ်တတ်ရန်ကောလို့
ပြန်ပြောဖို့ကျ ဘယ်လောက်ပဲ အပေါက်ဆိုးနေနေ အမြဲပူပန်တတ်တဲ့ ညီတစ်ယောက်ကို ပိုင်ဆိုင်ရတာကလည်း ဆုလာဘ်တစ်ခုလိုပါပဲလေ

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now