part 5 (Z&U)

4.8K 304 4
                                    


မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၅ (Z&U)

မင်းတို့သိချင်တဲ့ အတိတ်က မေ့ပျောက်သွားတဲ့
ရိပေါ် ရဲ့ မှတ်ညဏ်တစ်ချို့ အကြောင်း

"အချစ်ကို မီနီစတိုးဆိုင်လေးမှာ ရှာတွေ့ခဲ့တယ် ''

အသက် ၂၁ အရွှယ်သာ ရှိသေးတဲ့ ရိပေါ်က ဝမ် group ရဲ့ ceo ဖြစ်တာ ၅ နှစ်ပင်ပြည့်ခဲ့ပီ အမြဲအရယ်အပြုံးနည်းတယ်ဆိုတာထက် အရယ်အပြုံး မရှိဘူးဆိုရမယ့် ရိပေါ်က လူငယ် စီးပွားရေးသမားများကြားမှာ ရေပန်းစားတဲ့လူငယ်များထဲ ဝမ်အိမ်တော်က ဒုတိယသခင်လေး ဝမ်ရိပေါ် ကနံပါတ် ၁ ပါပဲ

အလှကုန် ပစ္စည်း စက်ပစ္စည်း ခရီးသွားလုပ်ငန်း ဖက်ရှင်ဒီဇိုင်းလုပ်ငန်းနဲ့ company ခွဲပေါင်းမျိုးစုံနဲ့ ရှိပီး ရုံးချူ ပ် ပင်တိုင် company မှာပဲ ရိပေါ်က ရုံးထိုင်လေ့ရှိတယ်

မျက်ရိုးတွေဖိနှိပ်ပီး ပင်ပန်းနေတဲ့ရိပေါ်က ရုံးခွဲတစ်ခုကိုသွားရင်း ကားလမ်းအကြပ်အတည်းကြောင့် လက်ထောက် စစ်ကျွေးပြောတဲ့ လမ်းကြို လမ်းကြားကနေ ကားပတ်စီးနေရတယ်

မီနီစတိုးဆိုင် ခပ်သေးသေးလေးကို တွေ့လိုက်ရတဲ့ရိပေါ်က ကားရပ်ခိုင်းပီး စစ်ကျွေးကို ဆေးဆင်းဝယ်ခိုင်းလိုက်တယ် ပင်ပန်းနေတဲ့ ရိပေါ်ရဲ့ စိတ်အစုံက တစ်နေရာ ကို အ ကြည့်အရောက်မှာ ကြည်လင်အေးချမ်းသွားသလိုခံစားရတယ်

ငိုနေတဲ့ ကလေးလေးရဲ့ လက်ထဲကို ရေခဲမုန့်ထည့် ပေးလိုက်တဲ့ အညိုရောင်ဆွယ်တာနဲ့ ဂျင်းပွပွ ဝတ်ဆင်ထားပီး အရပ်ရှည်ရှည် ရှိတဲ့ အဲ့တစ်ယာက်က ရယ်လိုက်တော့ ယုန်သွားလေးတွေရှိတယ် နှုတ်ခမ်းအောက်မှာ မှဲ့လေးတည်ရှိနေပီး မျက်မှန်အဝိုင်းလေးကို ပင့်ပင့်တင်နေတဲ့ လူသားလေးရဲ့ လက်သွယ်သွယ်လေးတွေက မှော်ဆန်သယောင်ရှိနေတယ်

'မြင်မြင်ချင်းပဲ ကျွန်တော့်ကိုအကြည့်မလွှဲနိုင်အောင်
ဆွဲဆောင်နိုင် လွန်းနေတယ်နော် '

ရိပေါ်ရဲ့ ဖုန်းလေးထဲမှာ ပထမဆုံးအကြိမ် ရိပေါ်ကရိုယ်တိုင် ရိုက်လိုက်တဲ့ထိုလူသားလေးရဲ ပုံရိပ်လေးရှိသွားတယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now