part 23 (Z&U)

2.7K 169 7
                                    

မောင့် သက်ဆိုင်သူက *ကော*

အပိုင်း ၂၃ (Z&U)

ရိပေါ် '' ကော လာ ဒါ ထပ်ဝတ် ''
ရှောင်ကျန့် '' မဝတ်ဘူး မင်းနော် ဆွယ်တာ ဝတ်ထားတာ လုံနေပီ ကုတ်ကြီး ထပ်မဝတ်ဘူးလေနော် ''

ကုတင်ပေါ်မှာ ထိုင်နေတဲ့ ရှောင်ကျန့်က မျက်မှောင်ကြုံ့လျက် နှုတ်ခမ်း တထော်ထော်နဲ့ ရိပေါ်ကို စူစူပုတ်ပုတ် မျက်နှာပေးပြုမူကာ ငြင်းဆန်နေတယ် ဗီဒိုထဲမှ အညိုရောင် လောင်းကုတ် အရှည်ကို ထုတ်ထားပီး အဆိုးလေးကို ဝတ်ဖို့ ပြောနေရတဲ့ ရိပေါ်က ဒီတစ်ခါတော့ အလျော့မပေးဖို့ဆုံးဖြတ်လိုက်တယ်

ရိပေါ် '' မရဘူးလေဗျာ အပြင်ရောက်ရင် ချမ်းမှာ ဗျ ''
ရှောင်ကျန့် '' အပြင်မှာ မချမ်းပါဘူးနော် ငါကလေးမဟုတ်ဘူး မင်း ညာမပြောနဲ့ ''

ကုတင်ဘေးကို မတ်တပ်လာရပ်တဲ့ ရိပေါ်က စွာကြဲနေတဲ့ အဆိုးလေးရဲ့ နဖူးကို လက်ဖဝါးနဲ့ အသားနွေး မနွေး စမ်းကြည့်တယ် အဆိုးလေးက အထိမခံဘူး ရှောင်တိမ်းရင်း ကုတင်အပေါ်ကနေ ထပြေးကာ ကုတင်  တစ်ဖက်ခြမ်းဘေးကို ရောက်သွားတယ်  အပြာရောင် ဆွယ်တာ ဝတ်ထားတဲ့ ယုန်ဆိုးလေးက ရိပေါ်ကို ကုတင်တစ်ဖက်ခြမ်းကနေ စောင်ကြည့်တယ် ရိပေါ်က သက်ပြင်းတချချ

ရိပေါ် '' မဆိုးနဲ့နော် ကော
ကောက နေလည်း မကောင်းသေးဘူး အပြင် မှာလေစိမ်းတွေလည်း တိုက်နေတယ်  နွေးနွေးထွေးထွေး ဝတ်ထားရမယ် ဒါပဲ ''

ရှောင်ကျန့် '' ဝမ်ရိပေါ် ငါ့ကို အနိုင်ကျင့်တယ် ''

မျက်နှာတင်းကာ ဖြစ်သင့်တာတွေကို ပြောပြတဲ့ ရိပေါ်ရဲ့ အသံက မတင်းလွန်းမလျော့လွန်း တဲ့အနေအထားမှာရှိတယ်

' ကြိုက်သလိုဆိုးဖို့ ခွင့်ပြု ထားတဲ့အထဲ ကိုယ့်ကိုယ်ကို ထိခိုက်အောင် ဆိုးဖို့ အထိတော့ မောင်က ခွင့်မပြု နိုင်တာကို သက်ဆိုင်သူလေး က သိပါရဲ့လား'

အပြာရောင်ဆွယ်တာလေးနဲ့ ချစ်ဖို့ကောင်းနေပြန်တဲ့ ရှောင်ကျန့်က ကုတင် တစ်ဖက်အခြမ်းမှာပဲ ထိုင်ကာ တရှုံ့ ရှုံ့ ငိုယောင်ဆောင်တယ်

ရှောင်ကျန့်အနားကို ရောက်လာတဲ့ရိပေါ်က ရှောင်ကျန့်ရဲ့ ဘေးကို ဝင်ထိုင်ကာ အဆိုးလေးရဲ့ လက်တစ်ဖက်ကို ဖြေးဖြေးချင်းဆွဲယူကာ ဆွဲဆန့်လို့ လောင်းကုတ်ကို စတင်ဝတ်ဆင်ပေးတယ် ငြိမ်နေရှာတဲ့ ရိပေါ်ရဲ့အဆိုးလေးက ရိပေါ်ကိုမကြည့် တစ်ဖက်ကို ခေါင်းလှည့်ထားတယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now