part 25 (Z&U)

2.7K 168 6
                                    


မောင့် သက်ဆိုင်သူက * ကော *

အပိုင်း ၂၅ (Z&U)

Sunny ဆေးရုံရဲ့ ကန်တင်းမှာ လူ ခြောက်ယောက် တစ်ဝိုင်းထဲ စုထိုင်ကာ မနက်က စားရင်း စကားစမြည် ပြောနေခဲ့ကြတယ်

ရှီဂါနဲ့ ရိပေါ်လည်း အဆင်ပြေပြေ စကားပြောကြပြီး ကျိယန် ချန်နဲ့ ရှီဂါဟာ ခေါင်းသုံးခေါင်းဆိုင်ပီး အရိုးအကြော ဌာနက ရှီဂါ သဘောကျတဲ့ ဂျူ နီယာ ဒေါက်တာလေး ကျစ်ဖန်းအကြောင်းကို စု တွတ်ထိုးနေကြတယ် ဟိုက်ခွမ်းက ချန် သောက်ဖို့ နွားနို့ သွားယူပေးနေတာဖြစ်တယ်

ရှောင်ကျန့်မှာ မျက်စိရှေ့က ခေါင်းသုံးခေါင်းကို စူးစိုက်ကြည့်ရင်း အသေအချာ စဉ်းစားခန်းဝင်နေခဲ့တယ်

ရိပေါ် '' အာ ''

ခွံ့ကျွေးသမျှ စားရင်း အရှေ့က သုံးယောက်ကိုသာ သဲကြီး မဲကြီး ကြည့်နေတဲ့ ရိပေါ်ရဲ့ သက်ဆိုင်သူလေးဟာ ပါးနှစ်ဖက်မှာ ဖောင်းကားလျက် တလှုပ်လှုပ်ဝါးတယ်

ရှောင်ကျန့် '' မောင် ''
ရိပေါ် '' ဗျာ ''

ရိပေါ်ကို ရှုတည်တည်ကြည့်လာတဲ့ အဆိုးလေးက ရိပေါ်ရဲ့ နားရွှက်ကို  နှုတ်ခမ်းနားထိ ဆွဲယူတယ် ပြုံး၍သာ အဆိုးလေး ပြုသမျှ သည်းခံ အလိုလိုက်တဲ့ ရိပေါ်ကြောင့် နွားနို့ခွက်ကို ခုံပေါ်ချရင်း ချန်ဘေးနား ဝင်ထိုင်တဲ့ ဟိုက်ခွမ်းက ရိပေါ်ကို ကြည့်ပီး ခေါင်းတငြိမ့်ငြိမ့် ပြုံးတယ်

ရှောင်ကျန့် '' မောင် မင်းပြောတော့ ရှီဂါက လူရှုပ်ဆို ခုကျ သူ့ရဲ့ပုံက ဒီလို မဟုတ်ပါဘူး ''

ရိပေါ်ရဲ့ နားရွှက်ကို လက်နဲ့အုပ်လို့ ခပ်တိုးတိုးလေသံနဲ့ ပြောတဲ့ ရှောင်ကျန့်က အရှေ့က သုံးယောက်ကိုလည်း အကြည့်မပျက်ဘူး ရိပေါ်ဟာ စပ်စုချင်တဲ့ ကလေးဆိုး လေး သိချင်တဲ့အဖြေကို သက်ဆိုင်သူလေး စိတ်တော်မညိုးရအောင် ခပ်မြန်မြန်ဖြေပေးခဲ့တယ်

ရိပေါ် '' အခုက သူ့ကောင်လေး ကြောင့်ငြိမ်သွားတာနေမှာပေါ့ ကောရဲ့ ''
ရှောင်ကျန့် '' wow wow ''

နှစ်ယောက်တည်း တိုးတိုး ပြောနေရင်း အသံကျယ်ကျယ်နဲ့ တဝိုးဝိုး ထလုပ်တဲ့ ရိပေါ်ရဲ့ သက်ဆိုင်သူလေးကြောင့် အားလုံးရဲ့ အကြည့်တွေဟာ ရှောင်ကျန့်ထံ ရောက်လာတယ် လက်မ တစ်ချောင်း ကို အားပေးဂုဏ်ပြု တဲ့ မျက်နှာဘေးနဲ့ မိမိကိုပဲ တည့်တည့်ကြည့်ရင်း  ထောင်ပြလာတာကြောင့် ရယ်ကျဲကျဲ ဖြစ်တဲ့ ရှီဂါက ကြောင်အ ရင်း ရှောင်ကျန့်အား လက်မ ပြန်ထောင်ပြခဲ့တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now