part 30 (Z&U)

2.8K 167 20
                                    


မောင့် သက်ဆိုင်သူ *ကော*

အပိုင်း ၃၀ (Z&U)

" မောင် ''

အားအင် ချိနဲ့စွာ ဖြင့် ချစ်ရသူအမည်ကို တမ်းတရင်း ထ ထိုင်လာတဲ့ ရှောင်ကျန့်က ရုတ်တရက် ထ ထိုင်လာခြင်းကြောင့် ကြောင်အ နေတဲ့ ကုတင်ဘေးမှ ရိပေါ်ရဲ့ကိုယ်ပေါ်ကို ကုတ်ဖဲ့၍ တတ်ကာခွချီစေတယ် အားမရှိတဲ့ လက်ကလေးတွေကြောင့် ပြန်ပြိုလဲ ကျသွားမှာစိုးရတဲ့ ရိပေါ်က ကိုယ်ပေါ်ကို တိုးခွေ့တတ်လာတဲ့ သက်ဆိုင်သူလေးကို သူ့သဘောအတိုင်း ချီပိုးကာ ရင်ခြင်းအပ်စေတယ်

ရင်ခွင်ထဲသို့ ခေါင်းတို့ဝှေ့ကာ ညှက်ရိုးကို နှာခေါင်းချွန်ချွန်လေးနဲ့ တမွမွ အနမ်းပေးခြင်းက စိတ်သက်ရာ ရစေသည်ထင်တယ် ရိပေါ်ရင်ခွင်ထဲက သက်ဆိုင်သူလေးဟာ အနမ်းပေးလို့ကောင်းဆဲ သက်ဆိုင်သူလေးရဲ့ ကျောပြင်ကို လက်နဲ့သတ်ချလို့ နွေးထွေးမှုပေးတဲ့ ရိပေါ်က အဆိုးလေးရဲ့ ဆံနွယ် အိအိ တွေကို ပြန်လည် အနမ်းပေး၍ တိတ်ဆိတ်နေခဲ့ကြသည်မှာ မိနစ်အနည်းပင် ကြာခဲ့လောက်သည်အထိပင်

ဝမ်းခင်ကြီးဟာ ဟိုက်ခွမ်း ချန် နဲ့အတူ ဆေးရုံပန်းခြံထဲမှာ စကားတပြောပြောရှိနေခဲ့တယ်

ရိပေါ် '' နေသာရဲ့လား ''

ရင်ခွင်ထဲမှ လှုပ်ရမ်းသွားတဲ့ ခေါင်းလုံးလုံးလေးရဲ့ ညိမ့်ပြမှုကို ခံစားရတဲ့ ရိပေါ် က သက်ဆိုင်သူ အဆိုးလေးရဲ့ မကြည်မလင်စိတ်အစဉ်နဲ့အတူ နုံးခွေ့နေတဲ့ ကိုယ်လေးကြောင့် သက်ပြင်းရှည် ချလိုက်မိတယ်
ကြောက်လန့်တုန်လှုပ်ခဲ့ရတဲ့ စိတ်ရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုမှာ အဆိုးလေးက ပြင်းစွာသော စိတ်ဒဏ်ရာနဲ့အတူ နာကျင်နေရှာတယ် လွှဲပြောင်းကူယူမရသော ဝေဒနာအတွက် ရိပေါ်ရဲ့ရင်ထဲမှာကမ္ဘာပျက်​နေတာတော့အမှန်ပါပဲ

ရိပေါ် ''အဆိုးလေး အိပ်ပျော်နေတာ ၄၃ နာရီနဲ့ ၂၇ မိနစ်  မောင်တအားလွမ်းနေခဲ့တာ ''

ရှောင်ကျန့် '' ကြာ. .လား''

ရိပေါ်ရဲ့ လည်ပင်းကို နှာခေါင်းထိပ်ဖျားကလေးနဲ့ ထိတွေ့ရင်း အက်ကွဲသော အသံလေးက လှုပ်လီလှုပ်လဲ့ သေးငယ်စွာ ထွက်ပေါ်လာပြီးပြန်မေးခဲ့တယ်

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now