#Unicode
ဆောင်းဒီခေတ် POV
ဒီနေ့ ကျောင်းတွေပြန်ဖွင်တဲ့ ဇွန်လ တစ်ရက်။
အတန်းတစ်တန်းတက်သွားပြီဆိုတာကလွဲရင် မူလတန်းကနေစတက်ခဲ့သောကျောင်းမှာပဲ အရင်သူငယ်ချင်းတွေနဲ့ ဖြတ်သန်းရမှာမို့ ကျွန်တော့်အတွက် အထူးအထွေ စိတ်လှုပ်ရှားစရာမရှိခဲ့။
မိုးစက်တွေတဖွဲဖွဲ စွတ်စိုနေတဲ့ ကျောင်း၀န်းကြီးကို တစ်ချက်လှမ်းကြည့်ပြီး အပေါ်၀တ်ဂျာကင်က
ဦးထုပ်ကိုဆွဲယူဆောင်းလို့ ခပ်သုတ်သုတ် ၀င်လာခဲ့တော့တယ်။ကျောင်းပေါက်၀ရောက်တော့ ကျောင်းထဲမ၀င်ချင်လို့ ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကျောင်းသားကို သူ့အမေက ချော့မော့နေဟန်ကြားမိတော့ တစ်ချက်စောင်းငဲ့ ကြည့်ရင်း စပ်စုမိလိုက်တယ်။
ရှပ်လက်ရှည်နဲ့ပုဆိုး၀တ်ထားတာမြင်မိတော့ မျက်ခုံးပင့်မိသွားတယ်။
ကျွန်တော်နဲ့ရွယ်တူမဟုတ်တောင် အလယ်တန်းကျောင်းသားဖြစ်နေတဲ့သူက ဘယ်နှယ့် ကျောင်း မသွားချင်လို့ ဂျစ်တိုက်နေတယ်တဲ့။
ကလေးဆန် လိုက်တာလို့ စိတ်ထဲကျိတ်တွေးရင်း နောက်ကျနေပြီမို့ အတန်းဆီ သွက်သွက် လှမ်းလိုက်တော့တယ်။
အတန်းထဲရောက်တော့ ဆရာမ မရောက်သေးတာမြင်တော့ တော်ပါသေးတယ် တွေးပြီး သူငယ်ချင်း ဦးပေးထားတဲ့ခုံမှာ အမြန်၀င်ထိုင်လိုက်ရတယ်။
ကျွန်တော်တို့ကျောင်းမှာ သတ်မှတ်ချက်ထဲမပါပေမယ့် လိုက်နာရတဲ့ စည်းကမ်းတွေရှိတယ်။
ဥပမာ ပထမဆုံးနေ့မှာ ကျောင်းမတက်ခင် လေးဆယ့်ငါးမိနစ် ကြိုရောက်ရမယ်တို့ ဘာတို့ပေါ့ဗျာ။
မကြာပါဘူး ကျောက်သင်ပုန်းဘေးမှာကပ်ထားတဲ့ အချိန်ဇယားကူးနေတုန်း ဆရာမ ၀င်လာတယ်။
ကျောင်းသားအားလုံးလည်း မတ်တပ်ရပ် နှုတ်ဆက်လိုက်ကြတယ်။
ဆရာမ က နာမည်ခေါ်ကာ လူစစ်ပြီး ကျောင်းသားသစ်နောက်ကျတယ် ဆိုပြီး ဆူပူနေပါသည်။
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)