Part -5

986 41 0
                                    

#Unicode

မုန့်စား​ကျောင်းဆင်းဖြစ်၍ ခန့်ကိုနိုင် ဆီသွားကာ မုန့်​စျေးတန်းမုန့်အတူသွားစား ၊
သူ့အခန်း​​ရှေ့ကော်ရစ်တာမှာgame အ​ကြောင်း​ပြောပြီး ​ကျောင်းပြန်တက်​တော့မှာမို့ အခန်းဆီပြန်လာခဲ့လိုက်သည်။

ဒီ​နေ့တွင်ထူးဆန်းစွာ လူ​တွေကျွန်​တော့်ကို လိုက်ကြည့်​နေသလို ခံစားရသည် ။
ခန့်ကို နဲ့စကား​ပြော​နေကတည်းက ​တောက်​လျှောက် လိုက်ကြည့်​နေကြသလိုပင်။

ကျွန်​တော်မလုံမလဲ ကိုယ့်ခန္ဓါကိုယ်ကိုတစ်ချက်ပြန်စစ်မိသည် ။အကျီ​ပြောင်းပြန်​တွေဘာ​တေများ၀တ်ထားမိသလားလို့ ။
ဘာမှလည်းမှားယွင်းမ​နေပါ။ဘာလို့ လိုက်ကြည့်​နေကြပါလိမ့် လို့​ စဥ်းစားမရဖြစ်​နေခဲ့သည်။
အခန်းထဲ၀င်​တော့လည်း ​အတန်းထဲကသူ​တွေပါ
ကျွန်​တော့်ကြည့်လိုက် ​ပြောလိုက်နဲ့။
သေချာပြီ ကျွန်​တော့်အ​ကြောင်း​ပြော​နေကြသည်ဆိုတာ။
ကျွန်​တော့်ခုံမှာ၀င်ထိုင်ပြီးတာနဲ့ ​နောက်ခုံမှာစာကုန်း​ရေး​နေ​သော ရှိုင်းသူဘက်လှည့်ကာ ​မေးရ​တော့သည် ။

"ရှိုင်းသူ အတန်းထဲမှာဘာ​တွေဖြစ်​နေတာလဲ။
အကုန်လုံးလည်း ငါ့ကြည့်​နေကြသလိုပဲ
ကိစ္စတစ်ခုခုရှိ​နေတာလား"

သူ့သာ​မေးရတာ သူကစာကလွဲစိတ်မ၀င်စား ဘာဆိုဘာမှမသိ။

ရှိုင်းသူကကျွန်​တော့်ကြည့်ကာ

"ငါလည်းမသိဘူး သူတို့ဘာ​တွေ​ပြော​နေမှန်း"
လို့ ​ပြောကာ စာသာ ပြန်​ကုန်းရေး​နေသည်။

"မင်းအ​ကြောင်း​ပြော​နေကြတာကွ"

​​တစ်ဖက်ခုံက "ထက်အာကာ"ကထလာကာ ​ပြောလိုက်သည်။

"အမ် ငါ့အ​ကြောင်း ငါ့အ​ကြောင်းဘာ​ပြောစရာရှိလို့လဲ"

ကျွန်​​တော်နားမလည်စွာ​မေးလိုက်​တော့

"မင်းနဲ့ Dခန်းကတစ်​ယောက် အ​ကြောင်း​လေ။
ငါ​လည်း​မေးချင်​နေတာ မင်းက သူနဲ့ရည်းစား​တွေဆို "

လို့ ​မေးလာသည်။

"ဘာ......"

ကျွန်​တော်​ကြားရသည်ကိုမယုံနိုင်သလိုဒေါသတကြီး​အော်မိသည် ။
အတန်းထဲကသူ​တွေလည်းကျွန်​တော့်အသံ​ကြောင့် ၀ိုင်းကြည့်ကုန်ကြသည် ။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now