Part-8

842 34 1
                                    

#Unicode

"မင်း ဘာလို့ လုယူတာလဲ​ ဆောင်းဒီ​ခေတ်။မင်းနဲ့မဆိုင်ဘူး​။ အခု အဲ့စာပြန်​ပေး"

ကျွန်​တော်​​​ပြော​ဆိုနေ​သော်လည်း သူကခုံမှထရပ်ကာ အ​နောက်သို့ဆုတ်သွားပြီး စာကို​အော်ဖတ်​နေ​သည်။

"​သို့
နှောင်းရိပ်
မမ မင်းကို မ​နေ့က မ​ပြောဖြစ်လိုက်လို့ စာ​ရေးပြီး ​ပြောလိုက်ရတာပါ။ မမ ​နောက်အပတ်က စပြီး သင်တန်း မတက်ဖြစ်​တော့ဘူး။
၉တန်းမှာ ကိုယ်ပိုင်​ကျောင်း၀င်ခွင့်​အောင်ဖို့ ဘာသာစုံ​လေ့ကျင့်​ပေးမယ့် ဆရာမနဲ့ပဲ​အိမ်မှာ စာသင်​တော့မှာ။"
တဲ့။

ဒန့်သလွန်​သီး က​မျက်နှာပြီတီတီနဲ့အော်ဖတ်​နေတာမို့ စာရွက်ကိုအတင်းလိုက်လု​သော်လည်းမရ ။ ကျွန်​တော်​​ရှေ့တိုးလာရင်သူက​နောက်ဆုတ်ကာ စာကိုင်ပြီးလက်ကို​မြှောက်လိုက်​သေးသည်။အရပ်မတိမ်းမယိမ်းလို့​ပြော၍ရ​သော်လည်း သူက ကျွန်​တော့်ထက် အနည်းငယ်​တော့ ပိုရှည်​နေသည်။

ကျွန်​တော်​ဒေါသထွက်​လာကာ

"​ဆောင်းဒီ​​ခေတ် ...."

သူ့နာမည်ကို ကုန်း​အော်လိုက်​မှ တစ်ချက်
တွန့်သွားပြီး ​ကျွန်​တော့်ကို ​ကြောင်ကြည့်​နေသည်။
ကျွန်​တော်လည်း သူ​​ငေး​နေတုန်း လက်ထဲကစာရွက်ကိုလုယူလိုက်သည်။

သို့​သော် သူက စာရွက်ကိုတင်းတင်းကိုင်ထားသည်ထင်
စာရွက်က ကျွန်​တော်အားနဲ့ဆွဲယူလိုက်တာ​ကြောင့် ပြဲသွားသည်။
ကျွန်​တော်​ဒေါသအရမ်းထွက်သွားသည်။ သူလည်း ရုတ်တရက်မို့ အံ့အားသင့်သွားပြီး သူ့လက်ထဲကျန်တဲ့ တစ်ဝက်ကို ကြည့်ကာ

"နှောင်းရိပ်မာန် ဘာလို့ အတင်းလာဆွဲတာလဲ အခု စာကပြဲသွားပြီ ဘယ်လိုလုပ်မလဲ"

လို့ ​အော်​ပြောလာသည်။
သူခိုးကလူပြန်​ဟစ်​နေ​သော ထိုငနဲကို ကျွန်​တော် ပိုပြီးစိတ်တိုလာရသည်။ ပြဲသွားတဲ့ စာရွက်ပိုင်း​​လေး​တွေကို ငုံ့ကြည့်ရင်း ​တောက် တစ်ချက်​ခေါက်ကာ

"မင်းက တကယ့်အရှုပ်ထုပ် ပဲ ။မင်းကသူများကိစ္စ ​တော်​တော်၀င်ပါချင်​နေတာပဲ။
မင်းအဲ့စာယူဖတ်ရ​အောင် ​ပေးတဲ့သူက မင်းအစ်မ မဟုတ်ဘူး။ မင်းအစ်မဆို​တောင် ငါ့ကို​ပေးတာမို့ မင်းယူဖတ်စရာအ​ကြောင်းမရှိဘူး။ "

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now