Part -3

1.1K 39 0
                                    

#Unicode

​ခြောက်တန်းနှစ်တစ်နှစ်လုံး ကျူရှင်မှာ ​ဆောင်းဒီ​ခေတ်ကို စ​နောက်ရင်း ​ပျော်ရွှင်စရာတစ်ခုရှာမိသလို
သူ့အစ်မကို စ တာမကြိုက်​သော သူ့ကို မ စ ဖို့​တွေးထား​ပေမယ့် သူရဲ့​ဒေါပွကာ ကတ်ကတ်လန်ရန်ပြန်​တွေ့ပုံကို မြင်ရသည်ကို သ​​ဘောကျ၍တမင်တကာ မကြာခဏ ရန်စမိသည်အထိ။

အခု​နောက်ပိုင်း ကျွန်​တော်သူ့အစ်မကို သ​ဘောကျတယ်​ပြောတိုင်း သူ​ပြောတဲ့စကားတစ်ခွန်းရှိ​သေးတယ်။

"မင်းလို​ကောင်နဲ့ငါ့အစ်မ ဘယ်​တော့မှသ​ဘောမတူဘူးတဲ့"

အဲ့လို​ပြောတိုင်းလည်း မျက်နှာကြီးတစ်ခုလုံးနီပြီး ကျွန်​တော့်ကို ဆွဲထိုး​​တော့မတတ် စိတ်ဆိုးတတ်သည်။
သူ့အစ်မ ​​ခြူးဟေမန်က တကယ် လှသည်။
သို့​ပေမယ့် ကျွန်​တော်တို့အရွယ်က ဘာခံစားတတ်မှာမို့လဲ။ မင်းသမီး​လေးလိုလှတယ် ​ချောတယ် ဒီ​လောက်ပဲခံစားတတ်သည်။
ဒါပေမယ့် အဲ့​​အစ်မကို အူတိုလွန်းတဲ့ ​ဆောင်းဒီ​ခေတ်ကို စိတ်တို​စေချင်လို့ကို တမင်စ​နောက်​နေမိခြင်း။
ကျွန်​တော်ထိုသို့​စ​နောက်တတ်၍သူကလည်းကျွန်​တော့်ဆိုအမြင်မကြည်။

လပတ်​ဖြေတိုင်းလည်း ဘယ်သူအဆင့်ကျသွားမလဲ ​စိတ်ယုတ်​လေး​တွေနဲ့ နှစ်​ယောက်သားအ​လောင်းအစား​တောင်လုပ်ပြီး ပြိုင်ခဲ့ကြ​သေးသည်။
ကျွန်​တော်တို့နှစ်​ယောက်လုံးအမြဲ အနိုင်အရှုံးမ​ပေါ်​ပေ။
ဥာဏ်​ကောင်း​သောသူက ကျွန်​တော်​လောက် စာမလုပ်​ပေမယ့် ​​အေး​ဆေး​ဖြေနိုင်သည်။

"မင်းသိလား ​နှောင်းရိပ်မာန် ငါက ဥာဏ်​ကောင်းရုံမကဘူးလက်​ရေးကလဲလှတယ်ကွ ဆရာမ​တွေကကိုချီးကျူးကြတာ ငါကမင်းသနားလို့ လက်​ရေးမပြိုင်တာ ငါက မတရား မလုပ်ချင်လို့......ဟား....."

ကျွန်​တော်ရဲ့ လက်​ရေးစုတ်ချာသည်ကို သူက​​ကောင်း​ကောင်း​လှောင်​ပြောင်​နေကြပင်။

အဲ့ချိန်ကစ ကျွန်​တော်လက်​ရေးလှဖို့အစွမ်းကုန်ကြိုးစားသည်။ ဆရာမ​ကလည်း ​လေး​ကြောင်းမျဥ်းသုံးခိုင်း
သူငယ်ချင်း​တွေကပါ မှင်အ​​ရောင်ရင့်တာ​တွေမသုံးနဲ့ဆိုပြီး ​ဘောပင် အသစ်​တွေ၀ယ်​​ပေးကြနဲ့ ကူညီကြသည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now