Epi-20

823 25 0
                                    

#Unicode

ပိ​တောက်ပင်​ခြေ​အောက်က ခုံတန်း​လေးက ဒီ​နေ့မှ​​အေးစက်ကာ ခြောက်ကပ်​​နေသ​ယောင်။
ပုံမှန်​ရေပက်မ၀င် စ​ နောက်စကား​ပြောသံ​တွေက ဒီ​နေ့​တော့ အလျင်းမရှိ ​​တိတ်ဆိတ်လျက်။

ကျွန်​တော်မ​​နေ့က အစ်မ၀မ်းကွဲအိမ်မှာအိပ်ပြီး မနက်​​စော​စောမှအိမ်ပြန်အ၀တ်စားလဲပြီး​ကျောင်းသို့လာခဲ့လိုက်တယ်။
ကိုယ့်ကိုကိုယ်လက်ခံဖို့ တွန့်ဆုတ်​နေ​ပေမယ့် မမရဲ့ အား​ပေးစကား​တွေမှာ တုန်လှုပ်​ခြောက်ခြားမှု​​တွေ​ပျောက်ကွယ်ခဲ့ရတယ်။

*ကျွန်​တော်သူ့ကို ချစ်တယ်။ သူ မသိလည်းဖြစ်ပါတယ် ကျွန်​တော်ရဲ့  ပထမဆုံးရင်ခုန်သံဟာ သူဖြစ်​နေခဲ့တယ် ဆိုတာကို​ပေါ့*

​​နေ့လည်ထမင်းစားနား​တော့ ပုံမှန်အတိုင်း ပိ​တောက်ပင်​အောက်ကခုံ​လေးမှာ ဆုံနေကြ​ပေမယ့် ဘယ်သူကမှစကား စ မလာ။
ကျွန်​တော်လည်း စိတ်ဆိုး​နေတာမဟုတ်​ပေမယ့် ၀မ်းနည်းစိတ်​လေးက​တော့ ကျန်​နေ​သေးတယ်။
ကိုယ်ကသူ့အတွက် ကာကွယ်ခဲ့​ပေမယ့် ကိုယ့်ကာကွယ်​ပေးမှုကို မလိုအပ်ဘူးဆိုတဲ့ အမှန်တရားကလည်း ခါးသက်​​တာမို့ နာကျင်ရသည်။
သူ့ကိုထမင်းစားရင်းလှမ်းကြည့်လိုက်​တော့ ​ခေါင်​လေးငုံ့ကာ ထမင်းစား​​နေသည်။ တစ်ခုခု​ပြောလိုက်ချင်​ပေမယ့် ဘာစကားမှထွက်မလာ​ခဲ့။

​ကိုယ်ဖြစ်​နေတဲ့ပုံစံကို​ဘေးက​နေကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ အေးစက်​နေတဲ့​လေထုကို စတင်ဖြိုခွဲလိုက်တာက ​သော်တာယံ

"​နှောင်းရိပ် ဒီ​ခေတ် မင်းတို့ ဒီလိုပဲစကားမ​ပြောဘဲ​နေ​တော့မှာလား"

ကျွန်​တော်က​​ ပုခုံးတစ်ချက်တွန့်ပြကာ ဒီ​ခေတ်ကို
လှမ်းကြည့်လိုက်​တော့ ကျွန်​တော့်ကိုပြန်​ငေးကြည့်​နေတဲ့ စူးရှတဲ့မျက်၀န်းတစ်စုံမှာ မျက်ခမ်းစပ်​လေး​တွေ ရဲ​နေခဲ့တာ ကိုယ်ပဲ စိတ်ထင်လို့လားမသိ။

"​ပြောစရာမရှိလို့ မ​ပြောတာ​လေ..."

ဆိုကာ မျက်နှာလွှဲရင်း ဆူတူတူ နှုတ်ခမ်းပါးတစ်စုံနဲ့ မျက်​စောင်းတစ်ချက်က သူစိတ်​ကောက်​နေပါတယ်လို့ ​
အသံတိတ် ​ပြောလိုက်တာပင်။
အသံမထွက်ဘဲ ပွစိပွစိ ​ရေရွတ်​နေတာ​လေးက တကယ် အသည်းယားစရာ​​လေး။
ခပ်​ချေ​ချေ မျက်နှာထား​လေးကို ဖြတ်ရိုက်ချင်စရာ​လေး ဖြစ်​နေတာက ချွင်းချက်​ပေါ့​လေ။  

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Hikayelerin yaşadığı yer. Şimdi keşfedin