Epi-11

832 32 4
                                    

#Unicode

စာ​မေးပွဲ​ဖြေရမည့် ​သစ္စာ​ဆောင်​အောက်ထပ်က
ပိ​တောက်ပင်ကြီး​အောက်တွင်ထိုင်​နေတုန်း
​မင်းဆက်ကကျွန်​တော့်​ဘေးလာထိုင်ကာ

"​နှောင်းရိပ် ငါတို့စာ​မေးပွဲပြီးရင် ဂိမ်းဆိုင်သွားကြရအောင်"

ဟု​ပြောလာသည်။

"​နောက်​နေ့မှမသွားကြ​ဘူးလား မင်းတို့က
စာ​မေးပွဲပြီးမှဆို ည​နေ ​နောက်ကျမှာ​ပေါ့ကွ"

လို့ ကျွန်​တော်ပြန်ပြော​လိုက်​တော့တော့

"အာ...ငါတို့က ​နောက်​နေ့လူမစုံမှာစိုးလို့ကွ
ပြီး​တော့မင်းလည်း ​သော်တာယံ့ အ​မေကြီး အ​ကြောင်းသိသားပဲ ​နောက်ရက်ကျရင် အဲ့​ကောင်ထွက်ရမှာမဟုတ်ဘူး။ သိပ်မ​နောက်ကျပါဘူး ​​​​ကျောင်းနားက
ဂိမ်းဆိုင်တင်ပဲကို "

သူကထပ်​ပြောလာသည်။

"မင်းကလည်း လိုက်ခဲ့ပါကွ ငါ​ရော လိုက်မှာ"

​ဟုသော်တာယံကပါကျွန်​တော့်တို့နား​ရောက်လာပြီး ကျွန်​တော့်ကို မဲဆွယ်သည်။

ကျွန်​တော်ကိုယ်တိုင်ကလည်းမလိုက်ချင်၍မဟုတ်။
​မေ​မေတို့သိသွားရင် ကျွန်​တော့်ကို စိတ်ဆိုးမှာအ​သေအချာပင်။
အရင်တုန်းက သင်တန်းလစ်ပြီး ဂိမ်းဆိုင်သွားတာကို သိသွားခဲ့တုန်းကဆိုတစ်ပတ်​လောက်စကားမ​ပြော​ပေ။
ထို့​ကြောင့်ဒီတစ်ခါဆို စကားမ​ပြောရုံ​လောက်နဲ့ပြီးမည်မထင်။ အခုက​မေ​မေကိုကြိုလည်း​ပြောမလာ၍စိတ်ပူ​နေမလားမသိ။
သို့​ပေမယ့်ခုရက်ပိုင်း​ကျောင်းစာ​မေပွဲအတွက်စာကျက်​နေရသည်နှင့် ဂိမ်းဆိုင်ဘက်မ​ရောက်သည်မှာအ​တော်ကြာပြီ။
သွားရမလား မသွားရမလား​ဝေခွဲရခက်စွာပင်နောက်ဆုံး​တော့
"လိုက်မယ်ကွာ သွားကြတာ​ပေါ့" လို့ ​ပြောလိုက်သည်။
​မေ​မေကို​တော့ စာ​မေးပွဲခန်းကထွက်လာမှ
ဖုန်းဆက်ပြီး ခွင့်​တောင်းတော့မယ်လို့တွေးလိုက်သည်။ ​
မေ​မေခွင့်ပြုဖို့သာ ဆု​တောင်း​ရမည်။

" ငါ​ရော လိုက်မှာနော်"
ကျွန်​တော့်ကို လာ​ခေါ်တဲ့​ကောင်​တွေမှာ အံ့အားသင့်စွာ ​အသံလာရာ သူတို့​နောက်သို့လှည့်ကြည့်​နေကြသည်။
ကျွန်​​တော်တို့ထိုင်​နေတဲ့နားကို ​​လျှောက်လာရင်း​ ကျွန်​တော့်​ရှေ့ရပ်ကာ ​ပြောလာတဲ့​ဆောင်းဒီ​ခေတ်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now