Epi-12

778 31 0
                                    

#Unicode

နှစ်ထပ်တိုက်အဖြူ​ရောင်​​လေးက​နေ ခြံစည်းရိုးနား​ထိ​လျှောက်လမ်း​​ဘေးတစ်ဖက်တစ်ချက် အပြည့်​နေရာယူထားတဲ့ နှင်းဆီပန်းပင်​တွေနဲ့ အေးချမ်းလှတဲ့ ဒီ​ခေတ်တို့အိမ်​ရှေ့ ​ရောက်​တော့ စက်ဘီးကိုဘရိတ်အုပ်​ခြေ​ထောက်နှစ်ဖက်​မြေ​ပေါ်ချပြီးရပ်လိုက်သည်။

" ကယ် သခင်​လေး ​ရောက်ပါပြီဗျ "

လို့​နောက်ကသူ့ကိုအသိ​ပေးလိုက်သည်။
စက်ဘီ​လေး​ပေါ်၀န်တစ်ခု​လျော့သွားခြင်းနှင့်အတူ
သူကျွန်​​တော့်​ဘေးရပ်လာသည်မို့ သူ့ကိုကြည့်လိုက်သည်။

" ငါက မင်းကို အလုပ်သမားလို့ မသတ်မှတ်ပါဘူးကွာ
ဒါ​ပေမယ့်မင်းက ငါ့ကို သခင်​လေး လိုဆက်ဆံချင်တယ်ဆိုလည်း မင်းသ​ဘော​ပေါ့...ဟီးးးး"

ရုပ်ကိုက စပ်ဖြီးဖြီးနဲ့ ကျွန်​တော်ရွဲ့​ပြောလိုက်တာကို စကားနာပြန်ထိုး​နေသည်။ တကယ်ပါ ဒီ​ကောင် နဲ့စကားပြိုင်​ပြောဖို့ဆိုတာ ​တော်​တော် ခက်ခဲသည့်အလုပ်။

"​သေလိုက်​လေ ငါက ရွဲ့​ပြောတာ ဒီ​လောက်ထိငါ့ကို ခိုင်းစား​နေလို့​လေ"

ကျွန်​တော်ပြန်​ပြောလိုက်​တော့သူ့ရဲ့အစွယ်​​လေး​ပေါ်တဲ့အထိပြုံးပြကာ

"သားကြီးကလည်း မင်းကငါ့သူငယ်ချင်းမို့ အကူညီ​တောင်းတာပါ ခိုင်းစားတာမဟုတ်ပါဘူး ။မင်းအကူညီလိုလည်း​ပြော ငါကကူညီမှာပဲ။ "

လို့ ကျွန်​တော့်ပုခုံးတစ်ဖက်​ပေါ် လက်လှမ်းတင်ရင်း ပြောလာ​တော့ ကျွန်​တော် ပြုံးလိုက်မိကာ

"အ​ပြောက​တော့​ကောင်းပ။ ခုလိုသူ့၀က်ကိုယ်ကြီးတင်နင်းရတာ​တောင် ​​ရေ​လေးဘာ​လေး ​သောက်ပါအုံး မ​ပြောတဲ့​ကောင်ကများ"

လို့ ခပ်ရွဲ့ရွဲ့ဆိုမိသည်။

"အာ မင်းက​ရောက်ကတည်းက​ပြောဆို​နေတာ​လေ။ လာလာ အိမ်ထဲ၀င်အုန်း ​ရေ​တော့မတိုက်ပါဘူးကွာ သံပုရာရည်​ဖျော်တိုက်မယ်"

ကျွန်​တော့်အ​ပြော​ကို အတည်ယူကာ အိမ်ထဲလိုက်ဖို့ ​ခေါ်တဲ့ ​ဆောင်းဒီ​ခေတ်က အဲ့လို​လေးလည်း အူတူတူ နိုင်ပါ​သေးတယ်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Nơi câu chuyện tồn tại. Hãy khám phá bây giờ