Part-6

880 36 0
                                    

#Unicode

ဒီမနက်​ကျောင်းလာရသည်မှာ အခြား​နေ့​တွေလို
တက်ကြွမှု မရှိလှ။ ​အခြားသူများနှင့်မဆုံ​စေရန် ​ကျောင်းသို့ အ​စောကြီးထွက်လာလိုက်သည်။

အတန်းထဲတွင် အသင်းလုပ်ဖို့​​ ​စော​ရောက်​နေသူ​တွေလည်းရှိ​လေ​တော့ သူတို့ ဘယ်လို​မျက်လုံးမျိုးနဲ့ကြည့်​နေမလဲဆိုတာ သူရင်မဆိုင်နိုင်စွာ ​ခေါင်းငုံ့လျက် အတန်းထဲ၀င်ပြီး​​နေရာ၌သာ၀င်ထိုင်လိုက်သည်။
သူ​တို့တွေ​ပြော​နေ​သောစကားများကိုလည်းမကြားချင်​ယောင်​ဆောင်ဖို့လည်းမ​မေ့ခဲ့။

"​နှောင်းရိပ်မာန် မင်းDခန်းကတစ်​ယောက်နဲ့တွဲ​နေတယ်ဆို"

သူမကြားချင်ဆုံး​သောစကားကို​ပြောလာ​​သော​​
ပြီတီတီမျက်နှာထားနဲ့ ဘေးက​​ကောင်ကို ခုချိန်ဂုတ်က​နေဆွဲမ ပြီး ပြတင်း​ပေါက်​ကနေ ပစ်ချလိုက်ချင်သည်။
သို့​​သော် ပျက်သွား​သော မျက်နှာထားကို ချက်ချင်းပြင်လိုက်ပြီးပုံမှန်​​တည်ငြိမ်တဲ့မျက်နှာထားမျိုးနဲ့

"မင်း ဘယ်က အ​ခြေမြစ်မရှိတဲ့ တစ်ရာဖိုး၁၀ပုဒ်တန် သတင်း​တွေကြားလာလည်း မသိ​ပေမယ့် မင်းလို
ဦး​နှောက်ရှိတဲ့သူက ယုံတတ်လိမ့်မယ်လို့ ငါ မထင်ထားဘူးကွ"

​လို့လှောင်​ပြောင်သည့် အသံမျိုးနဲ့ စကားကိုခပ်​ထေ့​​ထေ့ပြန်​ပြော​ပေးလိုက်​တော့ ငါး​ရှဥ့် ဆားပတ်သလိုလို ထွန့်ထွန့်လူးသွားကာ မျက်နှာကြီးနီရဲ ဒေါသထွက်ကာ ထွက်သွား​တော့သည်။
သူ့အ​ကြောင်း မ​ကောင်း​ပြောချင်​၊လှောင်​ပြောင်ချင်လို့ လာ​မေးမှန်းသိ​နေ၍ပညာသားပါပါ ကန်ထုတ်ပစ်လိုက်တယ် ။

ညကခန့်ကိုဆီ ဖုန်းဆက်ပြီး သူအ​ပြောခံ​နေရတာ​တွေကို​ပြောပြ​တော့ သူ့ကိုလည်းသူ့အတန်းသား​တွေက ထိုသို့​မေး​နေကြသည်တဲ့။နှစ်​ယောက်သားဘယ်လို​ဖြေရှင်း
ရမှန်းမသိ စိတ်ညစ်ကြရသည်။
​နောက်ဆုံး​တော့ သူတို့နှစ်​ယောက်​ကျောင်းတွင် အ​ခေါ်အ​ပြောမလုပ်ဘဲ​ မပတ်သက်ကြဖို့ ဆုံးဖြတ်လိုက်ကြသည် ။
သူတို့နှစ်​​ယောက်ကို အတူတွဲမ​တွေ့ရင်​ နောက်ထပ်သတင်း​တွေ ထပ်ထွက်မလာနိုင်သလို ခုသတင်း​တွေလည်း ကြာရင်​မေ့သွားကြမှာပါလို့​တွေးလိုက်သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now