Final (part-2)

2.1K 48 8
                                    

#Unicode

"ဒီဒီ...."

ဒီ​ခေတ်ကို မယုံနိုင်ကြည်နိုင်တဲ့ မျက်လုံး​တွေနဲ့ အံ့သြထိတ်လန့်စွာ ကြည့်လာခဲ့တဲ့ နှင်းဧကရီ။

" နှင်း အကို ​တောင်းပန်ပါတယ်။
နှင်းတို့ မိသားစု​လေးကို စစ်မှန်တဲ့သူဆီ ပြန်အပ်ခွင့်ပြုပါ။
အကို​တောင် သား​လေးကို သားအရင်း​လေးလို ချစ်နိုင်ရင် မင်းဘုန်း​နေ က​ရော ဘယ်​လောက် ချစ်ရှာမလဲ နှင်းရယ်။
နှင်း ရဲ့ အတ္တ​တွေကို စွန့်လွှတ်ပြီး ​ပျော်ရွှင်တဲ့ မိသားစု​လေး ဖန်တီးလိုက်ပါ နှင်း။ "

သူမလည်း ဘာမှပြန်မ​ပြောနိုင်​တော့ဘဲ မျက်ရည်​တွေသာ ကျ​နေခဲ့​တော့သည်။

" အကို သား​လေးကို​ခေါ် ပြီး ပြန်နှင့်လိုက်မယ်။
နှင်းတို့ ​အေး​ဆေး စကား​ပြောပြီးမှ ပြန်ခဲ့ကြ​ပါ"

လို့​ပြောပြီး ​ဘေးက က​လေးကို ​ကောက်ချီကာ

"သားကြိုက်တဲ့ ​ရေခဲမုန့် သွားစားကြမယ်"လို့
က​လေးကို ​ချော့​ခေါ်ကာ ထွက်သွား​လေ​သော သူ့​ ​ကျောပြင်ကို ​ငေးရင်း ဘာဆက်လုပ်ရမှန်းမသိ ​ကြောင်အ ​နေ​သော ပွဲကြည့်ပရိသတ် ကျွန်​တော်ရယ်ပါ။

​​သော်တာယံ့ က ပုခုံးကို ပုတ်ကာ

" ငါတို့လည်း ပြန်ကြရ​​အောင်​လေ "

ဆိုမှ အသိ၀င်လာခဲ့ပြီး စားပွဲ​ပေါ်က ဖုန်းနဲ့ ကား​သော့ ဆွဲယူကာ ​အ​မှောင်ထဲသို့ တိုး၀င်​ပျောက်ကွယ်သွားတဲ့ ​ကျောပြင်​ငယ်​လေး​နောက် ​ပြေးလိုက်ခဲ့​တော့သည်။

ကားပါကင်မှာ က​လေးကို တဖက်က ​ပွေ့ထားရင်း တစ်ဖက်က ကားတံခါးဖွင့်​နေ​သော သူ​လေးနား အ​ပြေးသွားကာ သူ့​နောက်တွင် ​ခြေစုံရပ်လိုက်သည်။

ဒူး​​ပေါ် လက်​ထောက်ကာ ခါးအနည်းငယ် ကုန်းပြီး အသက်ကို မနည်းရှူသွင်းရင်း သူ့နာမည်ကို တိုးဖျဖျ ​ခေါ်လိုက်​တော့ ဖွင့်လက်စ ကားတံခါး​လေးက ရပ်တန့်သွားသည်။

သို့​ပေမယ့် တစ်ခဏတာ သာ ပြီး​တော့ သူလုပ်စရာရှိတဲ့အတိုင်း ကားတံခါးကိုအဆုံးထိဖွင့်ပြီး က​လေးကို ခုံ​ပေါ် ​နေရာချ​ပေး ခါးပတ်​သေချာပတ်​ပေးပြီးမှ ကျွန်​တော့်ကို လှည့်ကြည့်လာခဲ့သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now