Part -7

854 32 0
                                    

#Unicode

ကျွန်​တော် နဲ့ ခန့်ကို အသွားအလာ ဆင်ခြင်လိုက်ခြင်း​​ကြောင့် ဘယ်သူမှ ကျွန်​တော်တို့အ​ကြောင်း​သိပ်မ​ပြောကြ​တော့။
ပြီး​တော့ ကျွန်​တော် သင်တန်းမှာ မမ တစ်​ယောက်ကို crush ​​နေသည်ဟု ​​သော်တာယံ့ကို ပြောပြမိသည်မှစ၍ အတန်းထဲကသူ​အချို့ သိကုန်ကြသည် ။ ထို့​ကြောင့်လည်း အတန်းထဲကသူ​တွေ ကျွန်​တော် မိန်းက​လေး​တွေပဲသ​ဘောကျ သည်ဟု မှတ်ယူသွားကြသည်ထင်။ ​ခုလိုအဆင်​ပြေသွားတာပဲ ​တော်​သေးသည်ဟု​တွေးရမည်။

အင်္ဂလိပ်စာ သင်တန်းကို ​နွေရာသီတင်မက ပိတ်ရက်တိုင်း တက်ဖြစ်ခဲ့သည် ။ ​
ပေါက်စကလည်းအခြား​ကျောင်း​ပြောင်းသွား​ပေမယ့်သင်တန်း​တော့အတူလာတက်သည်။ အဲ့ဒီမှာ အခြား​ကျောင်းက ကျွန်​တော့်ထက် တစ်နှစ်ကြီး​သော မမ ​
စောယမုံ နဲ့ ခင်မင်ခဲ့ကြသည်။ မမက သ​ဘော​ကောင်းသလို ပွင့်လင်း​ဖော်​ရွေသည် ။

ဆန့်ကျင်တတ်တဲ့အရွယ်​ရောက်လာ​သော ဂျစ်ကန်ကန် ဖြစ်ချင်​နေတဲ့ ကျွန်​တော်ဟာ ​ဖေ​ဖေ​၊မေ​မေတို့နဲ့မကြာခဏ စိတ်ဆိုးကာ ​ပေါက်ကွဲတတ်သည်။အစပိုင်းမှာ သင်တန်းမတက်ဘဲ ဂိမ်းဆိုင်မှာသွား​ဆော့​နေဖြစ်သည် ။​
နောက်​​တော့ မမ က သင်တန်းမှန်မှန်လာဖို့ ၊ကျွန်​တော် ​တော်​အောင် ကြိုးစားမှ တစ်​ယောက်တည်းရပ်တည်လာနိုင်မယ်တဲ့။ ဒါဆို လူကြီး​တွေက ကျွန်​တော်လုပ်ချင်တာ​တွေ မတား​တော့ဘူး​ပေါ့တဲ့။
ကျွန်​တော် စိတ်ဆိုးလာတိုင်းလည်း စကား​တွေ​ပြောပြီး စ​နောက်ကာ စိတ်ဆိုး​ပြေ​အောင်လုပ်​ပေးတတ်သည် ။

မမ က တကယ့်ကို ကျွန်​တော့်တွက် ​နွေး​ထွေးမှု ​ပေးတဲ့ ​နေ​ရောင်ခြည်​လေးဆို တစ်ပြိုင်တည်းမှာပဲ ​အေးမြ​စေတဲ့ ညချမ်းရဲ့ အလင်း​ဆောင်​ပေးတဲ့ လ​ရောင်​​လေး ဖြစ်လာခဲ့တယ်။
ကျွန်​တော်မမ​အပေါ် သံ​ယောဇဥ် ရှိသည်။ ကျွန်​တော့်ရဲ့ မမ အ​ပေါ် ထားတဲ့တွယ်တာမှု​လေးကို အချစ်လို့
ခေါင်းစဥ်တပ်ခဲ့သည်။ ဒီလိုနှင့်မမက ကျွန်​တော့်ရဲ့ တိတ်တခိုးချစ်ရတဲ့ အိန်ဂျယ်လ်လေး ​ဖြစ်လာခဲ့သည်။

သို့​ပေမယ့် ကျွန်​တော် သူ့အ​ပေါ် ထားတဲ့ ချစ်ခြင်းက သူ​ပေးနိုင်တဲ့ ချစ်ခြင်း​တွေနဲ့ အချိုးချလို့ မရနိုင်တဲ့
မညီမျှခြင်း ကိန်း တစ်ခု ဖြစ်​နေခဲ့တယ်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now